ဟောင်ကောင်ဥပဒေပြုကောင်စီ ရွေးကောက်ပွဲတွင် ကျောင်းသားခေါင်းဆောင်တဦး ရွေးကောက်ခံရ

Hong-Kong-student-leader-won-a-seat-in-legislative-council-Reuters

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့က ကျင်းပခဲ့တဲ့ ဟောင်ကောင်ဥပဒေပြုကောင်စီ ရွေးကောက်ပွဲမှာ ဟောင်ကောင် ဒီမိုကရေစီကျောင်းသားခေါင်းဆောင်တဦး အပါအ၀င် လူငယ်ကိုယ်စားလှယ်တွေ ရွေးကောက်ခံရပါတယ်။

မဲပေးခွင့်ရှိသူ ၅၈ ရာခိုင်နှုန်းအထိ ပါဝင်မဲပေးခဲ့ကြလို့ မဲပေးသူ စံချိန်တင်ခဲ့တဲ့ ရွေးကောက်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က ဟောင်ကောင် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ထီးဝါလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူ အသက် ၂၃ နှစ်အရွယ် ကျောင်းသားခေါင်းဆောင် နာသန်လော (Nathan Law) လည်း ဒီရွေးကောက်ပွဲမှာ ရွေးကောက်ခံပါတယ်။

ဒီမဲရလဒ်ကိုကြည့်ရင် ဟောင်ကောင်ပြည်သူတွေ နိုင်ငံရေးအပြောင်းအလဲကို လိုလားနေပြီဆိုတာ ပြသမှုဖြစ်တယ်လို့ နာသန်လောက ပြောပါတယ်။

တရုတ်အစိုးရ ထိန်းချုပ်မှုအောက်ကနေ လွတ်မြောက်လိုတဲ့ ဟောင်ကောင် မျိုးဆက်သစ်လူငယ်တွေ ဒီရွေးကောက် ပွဲမှာ ရွေးကောက်ခံရပေမယ့်လည်း တရုတ်အစိုးရ လိုလားသူတွေကပဲ ဥပေဒေပြုကောင်စီ အမတ်နေရာ ၇၀ ရဲ့ နေရာအများစုကို ဆက်ယူထားပါတယ်။ ဒီမဲရလဒ်တွေနဲ့ ပတ်သက်ပြီး တရုတ်အစိုးရဘက်က တရားဝင် ပြောဆိုမှုတော့ မရှိသေးပါဘူး။

ကနဦး မဲရလဒ်တွေကို အာဏာပိုင်တွေ နောက်ကျပြီးမှ ထုတ်ပြန်ခဲ့တဲ့ အပေါ်မှာလည်း မဲပေးသူတွေအကြား စိုးရိမ်မှုတွေ ဖြစ်ခဲ့ပါတယ်။ မဲရလဒ်အားလုံးကို စက်တင်ဘာ ၅ ရက် နှောင်းပိုင်းမှာ ထုတ်ပြန်ပေးမယ်လို့လည်း ရွေးကောက်ပွဲ အာဏာပိုင်တွေက ကြေညာထားပါတယ်။

(ရိုက်တာ)

(DVB Burmese)


Leave a Reply