ဆဋ္ဌမအကြိမ်မြောက် စင်ကာပူ အဆင့်မြင့်ပညာရေးပြပွဲ ကျင်းပမည်

စင်ကာပူနိုင်ငံ၏ တက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို သြဂုတ်လ ၂၈ ရက်နှင့် စက်တင်ဘာလ ၃ ရက်များတွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း AT&SCo.,Ltd မှ သိရသည်။ အဆိုပါ ပြပွဲကြီးကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၈ ရက်၊ နေ့လယ် ၁ နာရီ မှ ညနေ ၅ နာရီ အထိ Novotel ဟိုတယ်၊Level 4၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့နှင့် စက်တင်ဘာလ ၃ ရက် ၊ နေ့လယ် ၁ နာရီ မှ ညနေ ၅ နာရီ အထိ ဟိုတယ်မန္တလေး၊ စံပယ်ဖြူခန်းမ၊ မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။

ပြပွဲတွင် Edu Trust လက်မှတ်ရ စင်ကာပူထိပ်တန်း ပုဂ္ဂလိကကျောင်းများဖြစ်သော Kaplan Higher Education Academy (KHEA), James Cook University (JCU), PSB Academy, Management Development Institute of Singapore (MDIS), Curtin University, Raffles College of Higher Education(Singapore) တို့မှ ပါဝင်ပြသကြမည်ဖြစ်သည်။

ပြပွဲတွင် ပါဝင်ပြသကြမည့် စင်ကာပူပုဂ္ဂလိကတက္ကသိုလ်များ၏ သင်ကြားရေးအဆင့်နှင့် အလုပ်အကိုင်ရရှိမှု၊ Ranking များ အခြေအနေကိုလည်း လေ့လာနိုင် မည်ဖြစ်ပြီး စင်ကာပူတက္ကသိုလ်များနှင့် ချိတ်ဆက်သင်ကြားပေးနေသည့် သြစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်၊ အိုင်ယာလန်နိုင်ငံများရှိ ကမ္ဘ္ဘာ့တက္ကသိုလ် များအကြောင်း၊ တက်ရောက်ရရှိထားပြီးသည့် ဘွဲ့နှင့် ရရှိနိုင်မည့် အလုပ်အကိုင်များအကြောင်းကို ကျောင်းတစ်ခုချင်းစီတွင် အသေးစိတ်မေးမြန်းနိုင်မည်ဖြစ်သည်။

ထို့အပြင် စီးပွားရေးဘာသာရပ်၊ စာရင်းအင်းနှင့် ဘဏ္ဍာရေးဘာသာရပ်၊ အင်ဂျင်နီယာဘာသာရပ်၊ အိုင်တီ ဘာသာရပ်၊ သတင်းမီဒီယာနှင့် လူထုဆက်သွယ်ရေး ဘာသာရပ်၊ ဖက်ရှင်နှင့် ဒီဇိုင်းဘာသာရပ်၊ ဇီဝဆေး သိပ္ပံ ဘာသာရပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဘာသာရပ်၊ ပညာရေးဆိုင်ရာ ဘာသာရပ်၊ စိတ်ပညာဘာသာရပ် နှင့် အသက်မွေးဝမ်းကျောင်း ဘာသာရပ်များဖြစ်သော CAT(FIA) နှင့် ACCA ဘာသာရပ်များအကြောင်း တို့ကိုပါ သက်ဆိုင်ရာကျောင်းများမှ ရှင်းလင်း ဆွေးနွေးပေးမည်ဖြစ်သည်။

ပြပွဲရက်အတွင်း အထူးအစီအစဉ်အနေဖြင့် ပညာသင်ဆုများ၊ ကျောင်းလျှောက်လွှာကြေးကင်းလွတ်ခွင့်များ၊ လေယာဉ်လက်မှတ်(1 Way Ticket) များပေးအပ်ခြင်း များကိုလည်း တက္ကသိုလ်များမှ ပေးအပ်မည်ဖြစ်သည်။ ပြပွဲသို့လာရောက်လေ့လာကြသူများအနေဖြင့် မိမိရရှိထားသည့် ပညာရေးဆိုင်ရာ အထောက်အထား စာရွက် စာတမ်းများကို တစ်ပါတည်းယူဆောင်လာနိုင်ပြီး သက်ဆိုင်ရာကျောင်းတာဝန်ခံများထံပြသကာ မိမိတို့နှင့် ကိုက်ညီမည့် ဘာသာရပ်ရွေးချယ်ခြင်း၊ ဘာသာရပ် အချို့ကင်းလွတ်ခွင့်တောင်းခံခြင်း၊ ပညာသင်ဆုများ လျှောက်ထားခြင်း တို့ကို တိုက်ရိုက်ဆောင်ရွက်နိုင်မည် ဖြစ်သည်။

ပွဲတက်ရောက်လိုသူများသည် AT&S အပြည်ပြည်ဆိုင်ရာ ပညာရေးဝန်ဆောင်မှုကုမ္ပဏီ အဆောင်(၅)၊ အခန်း(၄)၊ မြန်မာအင်ဖိုတက်(ခ်)၊ လှိုင်တက္ကသိုလ်နယ်မြေ။ ဖုန်း – ၀၁-၆၅၂၃၂၀၊၀၉-၇၉၉၅၉၅၉၄၉ နှင့် အမှတ် ၆၇၊ မြေညီထပ် (ယာ)၊ ဘုန်းကြီးလမ်း(အောက်ဘလောက်)၊ လမ်းမတော်မြို့နယ်၊ ဖုန်း – ၀၉-၅၀၆၂၁၇၁၊ ၀၉-၇၇၇၂၂၃၂၂၅၊ ၀၉-၇၇၇၂၂၃၂၂၉ သို့ စုံစမ်းမေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


Leave a Reply