နာဂဒေသ၌ ကူးစက်ရောဂါဖြစ်နေသည့်အပေါ် အဖွဲ့အစည်း ၄၀ က စုပေါင်းသဘောထားထုတ်ပြန်

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကူးစက်ရောဂါဖြစ်ပေါ်နေသည့်အပေါ် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူငယ်များနှင့် အရပ်ဖက်အဖွဲ့စည်း စုစုပေါင်း ၄၀ က ယနေ့(သြဂုတ် ၁၆ရက်) ရက်စွဲဖြင့် ပူးတွဲသဘောထား ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်လိုက်သည်။

NaGa2

ယင်းထုတ်ပြန်ချက်တွင် နောက်ဆုံးရရှိသော အစိုးရတရားဝင်ထုတ်ပြန်ချက်အရ လက်ရှိအချိန်တွင် နာဂဒေသ-နန်းယွန်းမြို့နယ်နှင့် လဟယ်မြို့နယ်ရှိ ရွာပေါင်း ၁၆ ရွာတွင် သေဆုံးသူဦးရေပေါင်း ၄၂ ဦး အထိရှိနေပြီ ဖြစ်ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လက်ရှိနာဂဒေသတွင် ဖြစ်ပွားနေသည့် ကူးစက်ရောဂါများခံစားနေသည့် ကျေးရွာများတွင် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေး ရန်၊ အဓိက(အရေးပေါ်)လိုအပ်လျက်ရှိသည့် အစာအာဟာရနှင့် ဆေးဝါးများ အချိန်မီထောက်ပံ့ပေးနိုင်ရေးအတွက် ကြုံတွေ့နေရသည့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲကို ဖြေရှင်းပေးရန်၊ အကူအညီပေးရန် အဆင်သင့် စောင့်ဆိုင်းနေသော နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ လူသားခြင်း စာနာသည့်အထောက်အပံ့ပေးနိုင်ရေးအတွက် အမြန်ဆုံးဆောင်ရွက်ရန်တို့ ပါဝင်သည်။

#The Voice


Leave a Reply