မြန်မာနိုင်ငံ အထက်ပိုင်းဒေသလေးခု ရေခဲမှတ်အောက် ရောက်သည်အထိအေးနိုင်

မြန်မာနိုင်ငံအထက်ပိုင်းတွင် ဒီဇင်ဘာ ၁၇ ရက်နောက်ပိုင်းမှစကာ ရေခဲမှတ်အောက်ရောက်သည်အထိ အအေးပို လာနိုင်ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း၊ ကချင်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ဒီဇင်ဘာ ၁၇ နှင့် ၁၈ ရက် နှစ်ရက် ကြာ ညအပူချိန် အနုတ် ၄ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိကာ အအေးပိုနိုင်သည်ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

‘‘ဒီဇင်ဘာ ၁၇ နဲ့ ၁၈ ရက်တွေဟာ အအေးဆုံးဖြစ်လာနိုင်ပါတယ်။ ကချင်ပြည်နယ် မြောက်ပိုင်းစွန်းမှာဆိုရင် အနုတ် ၅ ဒီဂရီစင်တီဂရိတ်အထိ အေးနိုင်ပါတယ်’’ ဟု ပြောသည်။

သတိပေးထားသည့် ဒေသလေးခုအပြင် ဒီဇင်ဘာ ၁၄ မှ ၂၀ ရက်အတွင်း မြစ်ဝကျွန်းပေါ်နှင့် အလယ်ပိုင်းဒေသ များအပြင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် ပုံမှန်ထက် အအေးပိုလာနိုင်သည်ဟု ဒေါက်တာထွန်းလွင် က သတင်းထုတ်ပြန်သည်။

ယခုနှစ် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ဒီဇင်ဘာလဆန်းမှ စတင်သည့် ဆောင်းရာသီသည် ပုံမှန်ထက် အအေးပေါ့ နေခဲ့ပြီး ယခုရက်ပိုင်းမှ စတင်ကာ ဒေသအများစု၌ အအေးပိုလာပြီဖြစ်သည်။

# 7 Day Daily


Leave a Reply