မန်ချက်စတာစီးတီးကိုနိုင်ပြီး ရီးယဲယ်မက်ဒရစ်ဖိုင်နယ်တက်”

13173085_1175930519108518_776422132062328934_o13151621_1712192982366919_3754704313862379033_n

“ရီးယဲယ်မက်ဒရစ် 1 – 0  မန်ချက်စတာစီးတီး” 

ညပိုင်းမှာကစားတဲ့ ရီးယဲယ်မက်ဒရစ်နဲ့ မန်ချက်စတာစီးတီးတို့ရဲ့ပွဲမှာ ၁၀ကြိမ်ချန်ပီယံ ရီးယဲယ်မက်ဒရစ်က ပထမပိုင်းမှာသွင်းတဲ့ တစ်လုံးတည်သေားဂိုးနဲ့ဖိုင်နယ်တက်နိုင်ခဲ့ပါတယ်။ ရီးယဲယ်အသင်းမှာ ဘန်ဇီမာဒဏ်ရာက မသက်လို့ မပါနိုင်ပေမယ့် ရော်နယ်လ်ဒိုပြန်ပါလာခဲ့သလို မန်ချက်စတာစီးတီးဖက်မှာလည်း ယာယာတိုရေးပါဝင်ခဲ့ပါတယ်။

ရီးယဲယ်က အိမ်ကွင်းဖြစ်လို လူစုံနီးပါးပါဝင်ပြီး ဖိကစားခဲ့ပါတယ်။ မန်ချက်စတာစီးတီး ကတော့ တန်ပြန်တိုက်စစ်ကနေသာ ဂိုးရဖို့ကစားခဲ့ရပါတယ်။ ပထမပိုင်း ၁၀မိနစ်မှာ မန်ချက်စတာ စီးတီးဖက်က အသင်းခေါင်းဆောင် ကွန်ပနီနာသွားလို့ မန်ဂါလာနဲ့ လူစားလဲခဲ့ရပါတယ်။ ရီးယဲယ် အတွက် တစ်လုံးတည်းသောဂိုးကို မိနစ် ၂၀မှာ ညတောင်ပံက ဂါရတ်ဘေးလ် ကန်သွင်းတဲ့ ဘောလုံး မန်ချက်စတာစီးတီးကွင်းလယ်လူ ဖာနန်ဒိုနဲ့ ထိပြီးဂိုးဝင်သွားခဲ့ပါတယ်။ ဒီဂိုးကို UEFA က ဂါရတ်ဘေးလ်ရဲ့ သွင်းဂိုးအစား ဖာနန်ဒိုရဲ့ကိုယ့်ဂိုးကိုယ်သွင်းဂိုးအဖြစ် သတ်မှတ်ခဲ့ပါတယ်။

နောက်ပိုင်းမှာ ရီးယဲယ်ဖက်က အခွင့်အရေးတစ်ချို့ထပ်ရခဲ့ပေမယ့်အသုံးမချနိုင်ခဲ့လို့ ၁ဂိုး-ဂိုးမရှိနဲ့ ပွဲပြီးခဲ့ပါတယ်။ ဒါကြောင့် ရီးယဲယ်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို စံချိန်တင်အဖြစ် ၁၄ ကြိမ်မြောက် တက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဖိုင်နယ်မှာ ရီးယဲယ်ဟာ မက်ဒရစ်မြို့ခံပြိုင်ဖက် အက်သလက်တီကိုနဲ့ ဆုံတွေ့မှာဖြစ်လို့ နောက်ဆုံး ၄နှစ်အတွင်းနိုင်ငံတူ အသင်းအချင်းချင်း ဖိုင်နယ်မှာတွေ့တာ ၃ကြိမ် မြောက်ဖြစ်လာခဲ့ပါတယ်။ ဖိုင်နယ်ကို လာမယ့်မေလ ၂၈ရက် စနေနေ့၊ မီလန်မြို့က ဆန်စီရိုကွင်း မှာကျင်းပမှာဖြစ်ပါတယ်။   -Ref ; BBC


Leave a Reply