ဆော်ဒီ ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှု ယီမင်ဆေးရုံကိုထိမှန်ပြီး ၁၁ ဦး သေဆုံး

90798206-hi034706572

ယီမင်နိုင်ငံမှာ ၂၀၁၅ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၆,၄၀၀ ကျော် သေဆုံးခဲ့ပြီး အဆိုပါ အရေအတွက်ရဲ့ ထက်ဝက်ဟာ အရပ်သားတွေ ဖြစ်ကြောင်း သိရပါတယ်။

ဆော်ဒီအာရေဗီးယားနိုင်ငံက ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ ယီမင်နိုင်ငံအတွင်း လေကြောင်းတိုက်ခိုက်မှုအတွင်း နယ်စည်းမထားဆရာဝန်များအဖွဲ့ (MSF) က ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေတဲ့ ဆေးရုံတစ်ရုံကို ထိမှန်ခဲ့မှုကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရရရှိခဲ့ကြောင်း MSF က ပြောပါတယ်။

ယီမင်အစိုးရက ဟူသီသူပုန်များကို တိုက်ခိုက်နေတဲ့ စစ်ဆင်ရေးမှာ ဆော်ဒီ ဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့က လေကြောင်း တိုက်ခိုက်မှုဖြင့် ကူညီပေးနေတာ ဖြစ်ပါတယ်။ တနင်္လာနေ့ (သြဂုတ် ၁၅ ရက်) က ဟက်ဂျာပြည်န်မှာ ပြုလုပ်ခဲ့တဲ့ ဆော်ဒီ ဦးဆောင်တဲ့ လေကြောင်းတိုက်ခိုက်မှုက MSF ဆေးရုံကို ထိမှန်ခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့ပြီးနောက် MSF အဖွဲ့ဝင်တစ်ဦး အပါအဝင် လူ ၉ ဦး ချက်ချင် သေဆုံးခဲ့ကြောင်း သိရပါတယ်။ MSF အဖွဲ့က ယီမင်မှာ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းမှ စတင်ပြီး လူနာ ၄,၆၀၀ ကို အဆိုပါ ဆေးရုံမှာ ကုသမှုပေးခဲ့တာ ဖြစ်ပါတယ်။

ယီမင်နိုင်ငံမှာ ၂၀၁၅ ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် လူပေါင်း ၆,၄၀၀ ကျော် သေဆုံးခဲ့ပြီး အဆိုပါ အရေအတွက်ရဲ့ ထက်ဝက်ဟာ အရပ်သားတွေ ဖြစ်ကြောင်း သိရပါတယ်။ ယီမင် ပြည်တွင်းစစ်ကြောင့် လူပေါင်း ၂.၅ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂက ပြောပါတယ်။

Source & Photo: Reuters


Leave a Reply