Emirates လေယာဉ်မတော်တဆမှုဖြစ်စဉ်တွင် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းအားလုံး ဘေးကင်းခဲ့သော်လည်း မီးသတ်သမားတစ်ဦး သေဆုံးခဲ့

&NCS_modified=20160803212135&MaxW=640&imageVersion=default&AR-160809735

 သြဂုတ်လ ၃ ရက်က ဖြစ်ပွားခဲ့သည့် Emirates လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး ဒူဘိုင်းလေဆိပ်သို့ အရေးပေါ်ဆင်းသက်ပြီး မီးလောင်ကျွမ်းခဲ့သည့် ဖြစ်စဉ်တွင် မီးငြိမ်းသတ်ရန် ကြိုးပမ်းခဲ့ကြသော မီးသတ်တပ်ဖွဲ့ဝင် တစ်ဦး အသက်စွန့်သွားခဲ့ရသည်ဟု တာဝန်ရှိသူများက ပြောသည်။

အဆိုပါ မတော်တဆမှုဖြစ်စဉ်ကြောင့် လေဆိပ်လုပ်ငန်းများ လေးနာရီနီးပါးကြာ ရပ်ဆိုင်းထားခဲ့ရပြီးနောက် ယခုအခါ ပုံမှန်ခရီးစဉ်ပြေးဆွဲမှုလုပ်ငန်းများကို ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နေပြီဖြစ်ကြောင်း ယူအေအီးအစိုးရ အာဏာပိုင် များက တွစ်တာတွင် ရေးသားထားသည်။

လေယာဉ်မှာ လေဆိပ်သို့ အရေးပေါ်ထိုးဆင်းခဲ့ရပြီး မီးလောင်ကျွမ်းခဲ့ရာ ခရီးသည်ရာပေါင်းများစွာ အထိတ်တလန့်ဖြင့် လေယာဉ်ပေါ်မှ ဆင်းသက်ခဲ့ကြရသည်။ Emirates လေကြောင်းလိုင်းပိုင် လေယာဉ်အမှတ် EK521 မှာ အိန္ဒိယမှ ဒူဘိုင်း သို့ ပျံသန်းလာခဲ့စဉ် ယခုကဲ့သို့ မတော်တဆမှုဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

” ခရီးသည်တွေအားလုံး ဘေးကင်းသွားကြပါပြီ၊ ဒါပေမယ့် လူ့အသက်ပေါင်းများစွာကို ကယ်တင်ဖို့ ကြိုးစားရင်း မီးသတ်သမားတစ်ဦးကတော့ အသက်စွန့်သွားခဲ့ရပါပြီ” ဟု ယူအေအီး အရပ်ဘက်လေကြောင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်ပြောကြားသည်။

အလားတူ ယင်းဖြစ်စဉ်ကြောင့် လေယာဉ်ပေါ်ပါ လူ ၁၃ ဦးကိုလည်း ယခုအခါ ဆေးရုံတင်ထားခဲ့ရကြောင်းနှင့် အများစုမှာ အသေးစားထိခိုက်ဒဏ်ရာမျိုးသာ ရရှိခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

မတော်တဆမှုဖြစ်ပွားခဲ့သည့်လေယာဉ်ပေါ်တွင် ခရီးသည် ၂၈၂ ဦး၊ အမှုထမ်း ၁၈ ဦး တို့ လိုက်ပါလာခဲ့ကြသည်ဟု Emirates လေကြောင်းလိုင်းက ထုတ်ပြန် ပြောကြားသည်။

_Ref; CNA


Leave a Reply