ချယ်လ်ဆီးနည်းပြသစ် ကွန်တီထံမှ ကမ်းလှမ်းမှုရရှိခဲ့သည်ဟု တီဗက်ဇ် ဖွင့်ဟ

13645245_1743892022530348_4422024925892449464_n

ဘိုကာဂျူနီယာအသင်းမှ အာဂျင်တီးနားတိုက်စစ်မှူး တီဗက်ဇ်က ဂျူဗင်တပ်စ်အသင်းတွင် လက်တွဲခဲ့ဖူးသည့် နည်းပြဟောင်း ကွန်တီထံမှ ချယ်လ်ဆီးအသင်းတွင် လာရောက်ကစားရန် ကမ်းလှမ်းမှု ရရှိခဲ့ကြောင်း
ထုတ်ဖော် ပြောကြားခဲ့သည်။

” မိသားစုနဲ့ အပြင်ထွက်ပြီး ကားမောင်းနေတဲ့အချိန်မှာ ကွန်တီထံက ဖုန်းဝင်လာပါတယ်။ သူတိုက်စစ်မှူးးတစ်ဦး အလိုရှိနေကြောင်းနဲ့  ချယ်လ်ဆီးမှာကစားဖို့ စိတ်ဝင်စားသလားလို့ လှမ်းမေးပါတယ်” ဟု ၃၂ နှစ်အရွယ်ရှိ တီဗက်ဇ်က Radio La Red သို့ ပြောကြားခဲ့သည်။

သို့သော် တီဗက်ဇ်က ၄င်းအနေဖြင့် ဘိုကာဂျူ နီယာအသင်းမှ ထွက်ခွာမည်မဟုတ်ကြောင်း ကွန်တီထံ အကြောင်း ပြန်ကြားခဲ့သည်ဟုလည်း ဖွင့်ဟသွားခဲ့သည်။

Photo:Gettyimages


Leave a Reply