မြောက်ဦးခရိုင်ပါတီ မျက်နှာစုံညီစည်းဝေး၊ ခရိုင်ပါတီကော်မတီ ပြန်လည်ရွေးချယ်ဖွဲ့စည်း

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ မျက်နှာစုံညီအစည်းဝေးနှင့် ခရိုင်ပါတီ ကော်မတီ ပြန်လည်ရွေးချယ် ဖွဲ့စည်းရေးအခမ်းအနားကို ယနေ့ (ဇူလိုင်လ ၂၇ ရက်) နံနက် (၁၀) နာရီ အချိန်တွင် စတင်ကျင်းပရာ သဘာပတိအဖြစ် ပြည်နယ်ပါတီ အတွင်းရေးမှူး ဒေါက်တာစန်းရွှေမှ အဖွင့်အမှာစကား ပြောကြား ခဲ့သည်။

အစည်းအဝေးသို့ ခရိုင်အတွင်းရှိ မြို့နယ်များမှကော်မတီဝင်များ တက်ရောက် ခဲ့ကြပြီး ခရိုင်ပါတီအား ပြန်လည်ရွေး ချယ်ဖွဲ့စည်းရာ ခရိုင်ပါတီဥကဋ္ဌအဖြစ် ဦးလှသာထွန်း၊ အတွင်းရေးမှူး ဦးစံရွှေမောင်၊ ဘဏ္ဍာရေးမှူး ဦးမောင်သန်းစိန်တို့အား အတည်ပြုရွေးချယ်ပြီး ခရိုင်ပါတီကော်မတီဝင်များ၊ အရန်ကော်မတီဝင်များကို ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ကြောင်း သတင်းရရှိသည်။

အောင်အောင်


Leave a Reply