ထားဝယ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မျက်နှာစုံညီအစည်းအဝေး ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မျက်နှာစုံညီအစည်းအဝေးကို ဇူလိုင်လ (၁၈) ရက် နံနက် (၁၀) နာရီအချိန်က ထားဝယ်မြို့ တိုင်းဒေသကြီးပါတီရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

HtarWe`1

အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးမြတ်ကိုနှင့် တိုင်းပါတီကော်မတီဝင်များ၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထိန်ဝင်းနှင့် ခရိုငပါတီ ကော်မတီဝင်များ၊ ထားဝယ်၊ လောင်းလုံး၊ ရေဖြူနှင့် သရက်ချောင်းမြို့နယ်များမှ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ခရိုင်ပါတီ ပြန်လည်ရွေးချယ်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံမည့် ပါတီဝင် များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၈၀) ဦး တက်ရောက်ခဲ့ကြသည်။

အခမ်းအနားပထမပိုင်းတွင် ခရိုင်ပါတီ မျက်နှာစုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး ဒုတိယပိုင်းတွင် ခရိုင်ပါတီပြန်လည်ရွေးချယ်ပွဲကို ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးပါတီ မျက်နှာစုံညီ အစည်းအဝေးသို့ တက်ရောက်ကြမည့် ပါတီဝင် (၁၅) ဦး၊ ခရိုင်ပါတီကော်မတီဝင် (၉) ဦးနှင့် အရန်ကော်မတီဝင် (၉) ဦး တို့ကို ရွေးချယ်ခဲ့ကြပြီး ဆက်လက်၍ ခရိုင်ပါတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ဘဏ္ဍာရေးမှူးတို့ကို ရွေး ချယ်ရာ ခရိုင်ပါတီဥက္ကဋ္ဌအဖြစ် ဒေါက်တာဝင်းအောင်၊ အတွင်းရေးမှူးအဖြစ် ဦးထိန်ဝင်း၊ ဘဏ္ဍာရေးမှူး အဖြစ် ဒေါ်ခင်မာချိုတို့အား ရွေးချယ်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဝင်း -၂


Leave a Reply