ပြည်နယ်ပါတီ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ

ကချင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အပတ်စဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၁၆) ရက် နေ့လည် (၁) နာရီအချိန်က ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံမှ အဖွင့်အမှာစကားပြောကြားခဲ့သည်။

u-yar-wan-jone

အစည်းအဝေးတွင် ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံမှ ယခင် (EC) အစည်းအဝေးမှ ဆုံးဖြတ်ချက်များ အတည်ပြု ခြင်း၊ ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေး အမှတ်စဉ် (၉/၂၀၁၆) ၏ ဆုံးဖြတ်ချက်များကို ချပြရှင်းလင်းခဲ့ပြီး ပြည်နယ်ပါတီဥက္ကဋ္ဌ အလွှဲအပြောင်းအတွက် ပါတီပုံသေပိုင်ပစ္စည်းစာရင်းနှင့် ငွေစာရင်းများ စနစ်တကျပြုစုသွားရန် ဆွေးနွေးမှာကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ပြည်နယ်ပါတီကော်မတီဝင်များနှင့် အရန်ပြည်နယ်ပါတီကော်မတီဝင် များမှ ရေးရာအလိုက်အသီးသီးဆွေးနွေးတင်ပြကာ (၁၅း၀၅) အချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပြီး အစည်း အဝေးသို့ ပြည်နယ်ပါတီကော်မတီဝင်၊ အရန်ပြည်နယ်ပါတီကော်မတီဝင် စုစုပေါင်း (၁၅) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


Leave a Reply