Apple မှ iWatch ၊ iPhone တို့ဖြင့်ချိတ်ဆက်နိုင်သော ကြိုးခုန်သည့် ကြိုးတစ်မျိုး စတင်ရောင်းချ

နည်းပညာ ကုမ္မဏီတစ်ခုဖြစ်သော Apple မှ ကြိုးခုန်အားကစားတွင် အသုံးပြုသော ကြိုးတစ်မျိုးအား ထုတ်လုပ် ရောင်းချ လျက်ရှိကြောင်းသိရသည်။

b1f40bd2796c35fa8062d0f6df09e4fd_L

အဆိုပါ ကြိုး၏အမည်မှာ Tangram Smart Rope ဖြစ်ပြီး အာရုံခံ သံလိုက်စက်ကွင်းများ ထည့်သွင်းကြိုးမှ တိုက်ရိုက်လေ့ကျင့်ခန်းလုပ်သည့် အကြိမ် အရေအတွက် အား ရေတွက်ပေးထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြိုးသည် Apple Watch ၊ iPhone တို့ဖြင့် ချိတ်ဆက်ကာ အသုံးပြုနိုင်ကြောင်း The Verge သတင်းဌာနတွင် ဖော်ပြထားသည်။

ယင်းကြိုးတွင် LED မီးလုံး ၂၅ လုံး တပ်ဆင်ပေးထားပြီး တစ်မိနစ်လျှင် ယင်းမီးလုံးများမှ အချက်ပေါင်း ထောင်ချီ လင်းလက်နေမည်ဖြစ်ကြောင်း သိရသည်။

 Apple Store မှ ကျန်းမာရေး Application များဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်ပြီး ၎င်းကြိုး၏ Application အဖြစ် Smart Gym Pro အား အသုံးပြုရမည်ဖြစ်ကြောင်း သိရသည်။

ကြိုး၏အရွယ်အစားအားဖြင့် လေးမျိုးထုတ်လုပ်ပေးထားပြီး မိမိနှင့်အဆင်ပြေသော အရွယ်အစားအား အသုံးပြုနိုင် မည်ဖြစ်ကြောင်းသိရသည်။ ဈေးနှုန်းမှာ အမေရိကန် Apple Store တွင် ဒေါ်လာ ၈၉.၉၉ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

‪‎Democracytoday


Leave a Reply