Android Wear ကိုကျော်ဖြတ်ပြီး နာမည် အကျော်ကြားဆုံး စမတ်နာရီ OS ဖြစ်လာတဲ့ Tizen

နောက်ဆုံးပေါ် အချက်အလက်များအရ Samsung ရဲ့ Tizen ဟာ Android Wear ကိုကျော်ဖြတ်ပြီး ကမ္ဘာ့ ဒုတိယ အကျော်ကြားဆုံး စမတ်နာရီ OS ဖြစ်လာတယ်လို့ သိရပါတယ်။

အခုလို အောင်မြင်မှုရရှိဖို့အတွက် Tizen ရဲ့ ခရီးလမ်းက မချောမွေ့ခဲ့ပါဘူး။ Open source OS တစ်ခုဖြစ်တဲ့ Tizen ရဲ့ အဓိက ပဲ့ကိုင်ရှင်က Samsung ဖြစ်ပါတယ်။ ဒါ့အပြင် Samsung ဟာ Tizen OS ပါဝင်တဲ့ ထုတ်ကုန် တွေကို ဖန်တီးထုတ်လုပ်တဲ့ တစ်ခုတည်းသော Tizen Association အဖွဲ့ဝင်ဖြစ်ပါတယ်။

တောင်ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီအနေနဲ့ Android Wear စမတ်နာရီတစ်မျိုးကို လွန်ခဲ့တဲ့ သုံးနှစ် ခန့်က ပွဲထုတ် မိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Samsung က Tizen အခြေခံ စမတ်နာရီတွေဘက်ကို အာရုံ ပြောင်းလဲ ခဲ့တာ ဖြစ်ပါတယ်။

Tizen Experts ရဲ့ နောက်ဆုံးပေါ်အချက်အလက်များအရ ၂၀၁၇ ပထမသုံးလပတ်မှာ Tizen က Android Wear ကို ကျော်ဖြတ်ပြီး ကမ္ဘာ့ဒုတိယ အကျော်ကြားဆုံး စမတ်နာရီ OS ဖြစ်လာခဲ့ပါတယ်။ စမတ်နာရီ ဈေးကွက်ကို ဦးဆောင်နေသူက watchOS ဖြစ်ပြီး ဈေးကွက်ရဲ့ ၅၇ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ Tizen ကတော့ Android Wear ထက် ၁ ရာခိုင်နှုန်းအသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: AndroidAuthority