မဘသ အရေးပေါ် အစည်းအဝေး ယနေ့ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ မြန်မာနိုင်ငံတွင် မဘသ (အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့) မလိုအပ်ဟု ပြောဆိုထားခြင်းနှင့် ပတ်သက်ပြီး မဘသ အဖွဲ့(ဗဟို) က စုံညီအစည်းအဝေး တစ်ရပ်ကို ယနေ့( ဇူလိုင်လ ၇) ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း မဘသ(ဗဟို) ပြောရေးဆိုခွင့်ရှိ ဆရာတော် ဒေါတ်တာ တေဇနိယက မိန့်ကြားသည်။

အဆိုပါ အစည်းအဝေးကို အင်းစိန်မြို့နယ်ရှိ ရွာမပရိယတ္တိ စာသင်တိုက်တွင် ကျင်းပမည်ဖြစ်ကြောင်း ၎င်းကမိန့်ဆိုသည်။

“အရေးပေါ် စုံညီ အစည်းအဝေးလည်းဖြစ်တယ်။ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုမှုကို ဘယ်လို တုံ့ပြန်မလဲ ဆိုတာ ပါမယ်”ဟု ဒေါက်တာတေဇနိယ က မိန့်ကြားသည်။

ယင်းသို့ ပြောဆိုမှုနှင့် ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင် များနှင့်လည်း တွေ့ဆုံဖြေရှင်းမည်ဖြစ်ကြောင်းလည်း မဘသ(ဗဟို) ကထုတ်ဖော်ပြောဆိုထားသည်။

သို့သော်လည်း NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဥာဏ်ဝင်းက မူ “ ဒါက အစိုးရ အဖွဲ့နဲ့ပဲ တွေ့ရမှာ၊ ကျွန်တော်တို့နဲ့က မဆိုင်ဘူး” ဟု တုံ့ပြန်ပြောဆိုသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဇူလိုင်လ ပထမပတ်အတွင်း စင်ကာပူနိုင်ငံသို့ သွားရောက်စဉ် မြန်မာနိုင်ငံတွင် အစိုးရက တရားဝင်ဖွဲ့ စည်းပေးထားသော သံဃနာယကအဖွဲ့ရှိခြင်းကြောင့် မဘသအဖွဲ့ မလိုအပ်ကြောင်းပြောဆိုထားသည်။

The Voice


Leave a Reply