ကိုယ်ပိုင်ထုတ်လုပ်ရေးထောင်မယ့် အိန္ဒြာကျော်ဇင်

အနုပညာအလုပ်ကိုသာ စိတ်ဝင်စားသောကြောင့် စီးပွား ရေးလုပ်ကိုင်ရာတွင် ရုပ်ရှင်ထုတ် လုပ်ရေးလုပ်ကိုင်ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု အိန္ဒြာကျော်ဇင် က ပြောသည်။

‘‘ကိုယ့်အနေနဲ့ ဒီလိုအသက် အရွယ်မှာ သရုပ်ဆောင်အလုပ် မဟုတ်ဘဲ တခြားစီးပွားရေးတစ်ခု လုပ်မယ်ဆိုရင် ဒီလောကထဲမှာ နှစ်ပေါင်းများစွာ ဖြတ်သန်းလာ တာဆိုတော့ ဒီအလုပ်ကိုလည်း ချစ်တယ်။ စိတ်ဝင်စားမှုအရှိဆုံး သည်လည်း ဒီအလုပ်ပဲဖြစ်မယ်။ စိတ်ဝင်စားတဲ့အလုပ်ကိုလုပ်တာ သည် အောင်မြင်မယ်လို့ ထင် တယ်။ တခြားလုပ်ငန်းကိုလုပ် မယ်ဆိုရင် ကိုယ်ဒီလောက်ကြီး စိတ်ဝင်စားမှာ မဟုတ်ဘူး။ စိတ် မဝင်စားတဲ့အတွက် အောင်မြင်မှာလည်း မဟုတ်ဘူး။ ဒီလုပ်ငန်း ကတော့ အနုပညာနဲ့ဆက်စပ်နေ တယ်။ ကိုယ်ဖန်တီးချင်တဲ့ အနု ပညာတွေလည်း လုပ်ခွင့်ရမယ်’’ ဟု ၎င်းက ပြောသည်။

ကိုယ်ပိုင်ထုတ်လုပ်ရေးလုပ် မည်ဖြစ်သော်လည်း ရိုက်ကူးမည့် ဇာတ်ကားများတွင် ကိုယ်တိုင် သရုပ်ဆောင်ခြင်းထက် လိုက် ဖက်သည့် သရုပ်ဆောင်များကို သာ ရွေးချယ်ရိုက်ကူးမည်ဟု ၎င်း က ဆိုသည်။

‘‘အဓိကက ကိုယ်ဖန်တီး ထားတာကို ပရိသတ်လည်းကြိုက် ရမယ်။ ကိုယ်လည်းကြိုက်ရမယ်။ အဓိကက ဇာတ်ကိုစဉ်းစားပြီး တည်တယ်။ ဒီဇာတ်လမ်းထဲမှာ လိုက်မယ့်ဇာတ်ကောင်ကာရိုက် တာကို စဉ်းစားမယ်။ ကိုယ်သရုပ် ဆောင်ချင်လို့ လုပ်တာမျိုးကို အဓိကမသွားပါဘူး။ အဲဒါမျိုး ခေါင်းထဲမှာလည်း မရှိပါဘူး’’ဟု အိန္ဒြာကျော်ဇင်က ပြောသည်။

ထုတ်လုပ်ရေးလုပ်ငန်းနှင့် ပတ်သက်၍ မကြာမီလပိုင်းအ တွင်း အကောင်အထည်ဖော်မည် ဖြစ်ပြီး ရိုက်ကူးမည့် ဇာတ်လမ်း သေချာပါက ပြန်လည်အသိပေး မည်ဟု ၎င်းက ဆိုသည်။

‘‘ဒီတစ်လကို နားထားတယ်။နောက်လကစပြီး ပြန်ရိုက်ဖို့ လက်ခံထားပါတယ်’’ဟု လတ်တလော အနုပညာလှုပ်ရှားမှုအကြောင်း ကို အိန္ဒြာကျော်ဇင်က ပြောသည်။


Leave a Reply