မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့ဂုဏ်ဆောင် အားကစားသမားများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သောင်းသောင်း ဖြဖြကြိုဆိုခဲ့

မေ ၁၇
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲဝင် မြန်မာ့ဂုဏ်ဆောင် အားကစားသမားများကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အင်အား ၂၅၀ ဦးတို့ဖြင့် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ညနေ ၆ နာရီမှ ည ၈ နာရီအချိန်ထိ သောင်းသောင်းဖြဖြသွား ရောက်ကြိုဆိုခဲ့ကြပါသည်။
အဆိုပါပွဲသို့ ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် တိုင်းကော် မတီဝင်များ၊ မြို့နယ်များမှလူငယ် ၊ အမျိုးသမီးများ၊ first time voters များ၊ ပါတီဝင်များမှ”မြန်မာ့ဂုဏ်ဆောင် အားကစားသမားများကို လှိုက်လှဲစွာ ကြိုဆိုပါ၏” ဆိုသည့် ဗွီနိုင်းဆိုင်း ဘုတ်များကို ကိုင်ဆောင်ပြီး သွားရောက်ကြိုဆိုခဲ့ကြပါသည်။