မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တောင်ခွင်ကျေးရွာ ဆရာတော်ကိုဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ကွန်ကရစ် လမ်းအတွက် ဘိလပ်မြေအိတ်များလှူ

မကွေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ခွင်ကျေးရွာဆရာတော်ကို ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ကွန်ကရစ်လမ်းအတွက် ဘိလပ်မြေ ၁ဝ အိတ်၊ အလှူရှင် တိုင်းဘဏ္ဍာရေးမှူး ဦးကြည်ထွန်း မိသားစုက ဘိလပ်မြေ ၁ဝ အိတ် စုစုပေါင်း ဘိလပ်မြေအိတ် ၂ဝ ကို ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုလှူဒါန်းခြင်းကို မကွေးတိုင်းဒေသကြီး ဘဏ္ဍာရေးမှူး ဦးကြည်ထွန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ မြို့နယ်အတွင်းရေးမှူး ဦးတင်မျိုးဇော်၊ မြို့နယ်ကော်မတီဝင်ဦးဝင်းနိုင်နှင့် ဦးဝင်းမောင်တို့က လှူဒါန်းရာ ဆရာတော်က လက်ခံရယူခဲ့သည်။