ပရိုဖိုင်ကို သွားကြည့်ရင် Friend Request အလိုလို လုပ်တဲ့ Facebook Bug ဖြစ်ပွားခဲ့

Facebook မှာ ပရိုဖိုင်ကို သွားကြည့်ရင် Friend Request အလိုလိုလုပ်တဲ့ Bug ၁ ခု မကြာခင်က ဖြစ်ပွားခဲ့ပါတယ်။ ဒါဟာ တော်တော်ဂွကျတဲ့ လုပ်ရပ်ဖြစ်တဲ့အတွက် User တွေက စိတ်အနှောင့်အယှက်ဖြစ်ခဲ့ကြပါတယ်။
တွစ်တာမှာ User များစွာက အဲဒီ Bug ဖြစ်ပွားနေတယ်လို့ ပြောနေကြပြီး လူပေါင်းများစွာကို ထိခိုက်နေပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ပရိုဖိုင်ကို လည်ပတ်ရင် User က ဘာမှမလုပ်ဘဲနဲ့ Facebook က အလိုလို Friend Request ပေးပို့လိုက်တာဖြစ်ပါတယ်။ User က Friend Request ကို Cancel လုပ်နိုင်ပေမယ့် User တော်တော်များများက Friend Request အလိုလို လုပ်နေတာကို မသိကြပါဘူး။
အဲဒီ Bug ဖြစ်စေတဲ့ အကြောင်းအရင်းကို မသိကြသေးပါဘူး။ Facebook က ဒီအခြေအနေအကြောင်းကို မပြောပြခဲ့ပါဘူး။ Android Authority က Oliver Cragg က အဲဒီ Bug အကြောင်းကို Video Presentation ၁ ခု လုပ်ထားပါတယ်။
အခုတော့ Facebook မှာ ပရိုဖိုင်ကို ဝင်ကြည့်တာနဲ့ အလိုလို Friend Request ပေးပို့တဲ့ Bug ကို ပြင်ဆင်ပြီးပြီလို့ Meta ရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က ပြောပါတယ်။ အဲဒီအတွက် ပရိုဖိုင်တွေကို စိတ်အေးလက်အေး ဝင်ကြည့်နိုင်ပါပြီ။
Ref : gizchina