ရုရှားနဲ့ ယူကရိန်း စစ်ပွဲက အခုထက်ထိ မပြီးသေးပါဘူး။ အခုတော့ ယူကရိန်းက Xiaomi ဟာ ရုရှားကို ကူညီနေပြီး National Agency for the Prevention of Corruption of Ukraine (NAZK) က  Xiaomi ကို International War Sponsor စာရင်းထဲ ထည့်လိုက်ပါတယ်။

ယူကရိန်းက Xiaomi ဟာ ရုရှား ဈေးကွက်မှာ ထဲထဲဝင်ဝင် ပါဝင်နေပြီး ရုရှား၊ ယူကရိန်း စစ်ပွဲ စတင် ကတည်းက Xiaomi ဟာ ရုရှားမှာ ဦးဆောင်နေတဲ့ စမတ်ဖုန်း Brand ဖြစ်နေတယ်လို့ ပြောပါတယ်။ Xiaomi ဟာ ရုရှား စမတ်ဖုန်း လောကမှာ ဈေးကွက်ဝေစု အကြီးမားဆုံးရထားပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက Xiaomi ဟာ ရုရှားမှာ အွန်လိုင်း ရောင်းအားကောင်းခဲ့ပြီး စတိုးများစွာလည်း ဖွင့်လှစ်ထားပါတယ်။ ၂၀၂၂ ခုနှစ်မှာ Xiaomi ဟာ ရုရှားမှာ ဈေးကွက်ဝေစု ၂ ဆမြင့်တက်ခဲ့ပြီး ကွာတား ၃ မှာ အရင်ကွာတားထက် ၃၉ ရာခိုင်နှုန်း ရောင်းအား ကောင်းခဲ့ပါတယ်။ Xiaomi ရဲ့ ရုရှားက ဝင်ငွေဟာ ဒေါ်လာ ၂၀၂ သန်း ရှိခဲ့ပါတယ်။

Xiaomi က ရုရှားကို ပေးတဲ့ အခွန်တွေဟာ ရုရှား စစ်တပ်ကို ကူညီနေတယ်လို့ ယူကရိန်းက ပြောပါတယ်။ ယူကရိန်းက Xiaomi ဟာ တရားဥပဒေ အရ အရေးယူခံရနိုင်တယ်လို့ ပြောပါတယ်။ လက်ရှိမှာ ယူကရိန်းဟာ International War Sponsor စာရင်းမှာ ကုမ္ပဏီ ၂၁ ခုကို ထည့်သွင်းထားပါတယ်။

Ref : gizmochina

#Xiaomi