ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း အသုံးအနှုန်းကို လက်မခံကြောင်း သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့်တို့ထံ အိတ်ဖွင့်ပေးစာပို့

ရခိုင်ပြည်နယ်ရှိ မြို့ကြီးအများစုတွင် ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းဆိုသည့် အသုံးအနှုန်းကို ကန့် ကွက်သည့်အနေဖြင့် ဇူလိုင်လ (၃) ရက်နေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး အဆိုပါအသုံးအနှုန်းကို လက်မခံကြောင်း နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံသို့ အိတ်ဖွင့်ပေးစာ ပေးပို့ ထားကြောင်း သိရသည်။

အဆိုပါ ကန့်ကွက်ကြောင်းစာတွင် “ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း” အသုံးအနှုန်းအတိုင်း သုံးနှုန်း မည်ဆိုပါက ပြည်ထောင်စုအစိုးရသည် ရခိုင်လူမျိုး၏အမည်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဖျောက် ဖျက်ရာ ရောက်ပါသည်။ ဘင်္ဂလီများ၏ လားရာဇာတိကို ဖုံးကွယ်ပစ်ရာ ရောက်ပါသည်။ ဘင်္ဂလီများကို တစ်စုံတစ်ရာ စီစစ်မှုမပြုမီကပင် ‘ရခိုင်ပြည်နယ်မှလူများဖြစ်သည်’ ဟု သတ်မှတ်ရာရောက်ပါသည်” ဟု ပါရှိကြောင်း သိရသည်။

“ရခိုင်ပြည်က မူဆလင်အသိုင်းအ၀ိုင်း အခေါ်အဝေါ်ကို မရုတ်သိမ်းပါက သပိတ်စခန်းဖွင့်ကာ တိုက်ပွဲ ၀င်သွားမယ်” ဟု တောင်ကုတ်မြို့မှ ဦးသန်းလွင်က ပြောသည်။

အဆိုပါ ကန့်ကွက်ကြောင်းစာအိတ်များကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဌ၊ အမျိုးသားလွှတ်တော်ဥက္ကဌ နှင့် ပြည်ထောင်စုဝန်ကြီးများထံသို့လည်း ပေးပို့ထားကြောင်း သိရသည်။

ရခိုင်ပြည်နယ်ရောက် ဘင်္ဂလီများအား “ ရခိုင်ပြည်နယ်က မူဆလင်များ” ဟု သုံးနှုန်းခြင်းနှင့် ပတ်သက်၍ ရခိုင်ပြည်နယ်တစ်ဝှမ်းလုံးမှ ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်နေမှုများကို ရခိုင် အမျိုးသားပါတီအနေဖြင့် အပြည့်အ၀ထောက်ခံပါသည်ဟု ၂၀၁၆ခုနှစ် ဇူလိုင်လ (၁) ရက် နှင့် (၂) ရက်နေ့တို့တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးတွင် ရခိုင်အမျိုးသားပါတီမှ လည်း သတင်းထုတ်ပြန်ခဲ့ကြောင်း သိရသည်။

‪‎CentralNewsMyanmar


Leave a Reply