ကမ္ဘာ့အကြမ်းတမ်းဆုံးလိဂ်ပြိုင်ပွဲအဖြစ် ဘိုလစ်ဗီးယားပရိုလိဂ်ပြိုင်ပွဲက ထိပ်ဆုံးတွင် ရပ်တည်နေသည်ဟု CIES ဖော်ပြ

ကမ္ဘာ့အကြမ်းတမ်းဆုံးလိဂ်ပြိုင်ပွဲအဖြစ် ဘိုလစ်ဗီးယားပရော်ဖက်ရှင်နယ်လိဂ်ပြိုင်ပွဲဖြစ်သည့် Bolivian Primera Division ပြိုင်ပွဲက ထိပ်ဆုံးတွင်ရပ်တည်နေကြောင်း နာမည်ကြီးဘောလုံးသုတေသနအဖွဲ့အစည်းဖြစ်သည့် CIES က ဖော်ပြခဲ့သည်။

CIES သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ(၁)ရက်မှ ၂၀၂၃ ခုနှစ် မတ်လ(၂၀)ရက်အထိ (၃)နှစ်ကျော် ကာလအတွင်း တိုက်ကြီး(၆)တိုက်ရှိ လိဂ်ပြိုင်ပွဲ(၇၆)ခုကို လေ့လာသုံးသပ်ခဲ့ခြင်းဖြစ်သည်။

လိဂ်ပြိုင်ပွဲများတွင် ကွင်းလယ်ဒိုင်လူကြီးများ ပြသသည့် တစ်ပွဲပျမ်းမျှ ကတ်အများဆုံးအပေါ် မူတည် တွက်ချက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဘိုလစ်ဗီးယားထိပ်တန်းလိဂ်သည် (၃)နှစ်ကျော်ကြာကာလအတွင်း ပွဲပေါင်း(၈၀၀)ကျော် ကစားခဲ့ရာတွင် တစ်ပွဲပျမ်းမျှ (၇.၀၁)ကတ်အထိ ရှိခဲ့သည်။

တစ်ပွဲပျမ်းမျှ အနီကတ် (၆.၄၆)ကတ်၊ အဝါကတ်(၀. ၅၅)ကတ်ရှိခဲ့ပြီး ပျမ်းမျှ ပွဲ(၂)ပွဲလျှင် အနီကတ်(၁)ကတ်နှုန်း ပြသခဲ့သည်။

ဥရုဂွေးလိဂ်က ပျမ်းမျှ (၆.၄၈)ကတ်၊ ဗင်နီဇွဲလားလိဂ်က ပျမ်းမျှ (၆.၄၃) ကတ် ပြသခဲ့ပြီး ထိပ်ဆုံး(၃)နေရာတွင် တောင်အမေရိကလိဂ်များက နေရာယူခဲ့ကြသည်။

ကမ္ဘာ့အကြမ်းတမ်းဆုံး ထိပ်ဆုံးလိဂ်(၁၀)ခုတွင် လက်တင်အမေရိကမှ (၇)ခုနှင့် ဥရောပမှ (၃) ခု ပါဝင်ခဲ့ကြောင်း သိရသည်။

ဥရောပလိဂ်ပြိုင်ပွဲများထဲမှ အဆိုးရွားဆုံးအဖြစ် ပေါ်တူဂီ Segunda Liga (ဒုတိယတန်း)မှ ပျမ်းမျှ(၆.၀၄)ကတ်ဖြင့်  အဆင့်(၅)နေရာတွင် သတ်မှတ်ခြင်းခံခဲ့ရသည်။

ပေါ်တူဂီ Top-flight လိဂ်ပြိုင်ပွဲဖြစ်သည့် Primeira Liga မှာလည်း ပျမ်းမျှ(၅.၉)ကတ်ဖြင့် အဆင့် (၈)နေရာတွင် ရှိခဲ့ပြီး ယူကရိန်းပရီးမီးယားလိဂ်ပြိုင်ပွဲက ပျမ်းမျှ(၅.၇၆)ကတ်ဖြင့် အဆင့်(၉)နေရာတွင် ရပ်တည်ခဲ့သည်။Eleven