ရန်ကုန်ယူနိုက်တက်အသင်း၏ ၂၀၂၃ ခုနှစ် ဘော လုံးရာသီ၌ဝတ်ဆင်မည့် ဂျာစီမိတ်ဆက်

မြန်မာနေရှင်လိဂ်၏ ၂၀၂၃ ခုနှစ် ဘောလုံးရာသီ၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်ယူနိုက်တက်အ သင်းဝတ်ဆင်မည့် ဂျာစီမိတ်ဆက်ပွဲအား ဖေဖော် ဝါရီ ၁၁ ရက်ညနေပိုင်းက Yangon United Sports Complex တွင်ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်ယူနိုက်တက်အသင်း ဒု-ဥက္ကဋ္ဌဦးမင်းဆွေဦးက ၂၀၂၃ ဘောလုံးရာသီအတွက် ကြိုပြင်ဆင်ထားမှုများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၃ ခုနှစ် ဘောလုံးရာသီ၌ ရန်ကုန်ယူနိုက်တက်အသင်းဝတ်ဆင်မည့် အိမ်ကွင်း/အ ဝေးကွင်းဂျာစီ၊ ဂိုးသမားဝတ်စုံ၊ Polo shirt ၊ Tracksuit & bag တို့အားပြသပြီး ၂၀၂၃ ဘော လုံးရာသီတွင် နည်းပြချုပ်တာဝန်ယူမည့် ဦးကျော်ဒွန်းနှင့်ကစားသမားသစ်များဖြစ်သည့် ဇော်ရဲထွန်း၊ ဟာဘီလာ၊ ဥက္ကာနိုင်၊ ရန်လင်းအောင်၊ ကောင်းထက်စိုး၊ ရန်ကျော်ထွေး၊ဆီလာနှင့်လှိုင်းဘိုဘို တို့အားမိတ်ဆက်ပေးခဲ့သည်။

ထို့ပြင် ရန်ကုန်ယူနိုက်တက်အသင်းအား ၂၀၂၃ ခုနှစ် ဘောလုံးရာသီတွင် ပံ့ပိုးကူညီပေးသွားမည့် စပွန်ဆာ ကုမ္ပဏီများကိုလည်း မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။