ယူကရိန်းစစ်ပွဲသည် တစ်နှစ်ခွဲမှ နှစ်နှစ်အထိ ကြာမြင့်နိုင်ခြေရှိဟု ရုရှား ပုဂ္ဂလိကကြေးစားစစ်သားကုမ္ပဏီ အကြီးအကဲက ပြောကြား

ယူကရိန်းတွင်ဖြစ်ပွားနေသည့် တိုက်ခိုက်မှုများအတွင်း တက်ကြွစွာ ပါဝင်နေသည့် ရုရှားကြေးစားစစ်သား ငှားရမ်းသည့် ကုမ္ပဏီ ဖြစ်သည့် Wagner Group ပိုင်ရှင် ယက်ဗ်ဂီနီ ပရီဂိုဇင်က ယူကရိန်းစစ်ပွဲသည် တစ်နှစ်ခွဲမှ နှစ်နှစ်အထိ ကြာမြင့်နိုင်ခြေရှိသည်ဟု ခန့် မှန်းပြောကြားခဲ့သည်။

ရုရှားအနေနှင့် ယူကရိန်း၏အရှေ့ပိုင်း စက်မှုအချက်အချာကျသည့် ဒွန်းဘက်စ်ဒေ သကို အပြည့်အဝ ထိန်းချုပ်နိုင်ရန်အတွက် ၁၈ လမှ နှစ်နှစ်အထိ ကြာမြင့်လိမ့်မည်ဟု ပရီဂိုဇင်က ဖေဖော်ဝါရီ ၁၀ ရက်နှောင်းပိုင်းက ထုတ်ပြန်သည့် ရုပ်သံအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားအနေနှင့် ဒီနီပါမြစ်အရှေ့ ဘက် နယ်စပ်နယ်နိမိတ်များကို သိမ်းယူရန် ဆုံးဖြတ်မည်ဆိုပါက စစ်ပွဲသည် သုံးနှစ်အထိ ကြာမြင့်လိမ့်မည်ဟုလည်း ၎င်းင်းက ထပ် လောင်းပြောကြားခဲ့သည်။

ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ရင်းနှီးသည့်ဆက်ဆံရေးရှိပြီး ရုရှားအစိုးရ၏ တန် ဖိုးကြီးမားသည့် ကန်ထရိုက်များကို တာဝန်ယူ ရသဖြင့်  “ပူတင်၏ စားဖိုမှူး”ဟု အမည်ပေးခံ ခဲ့ရသည့် မီလျံနာတစ်ဦးဖြစ်သူ ပရီဂိုဇင်၏ ပြောကြားမှုသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားစစ်သားများ ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်က သီတင်းပတ် အနည်းငယ်အတွင်း အနိုင်ရလိမ့်မည်ဟု ကနဦး ယူဆခံခဲ့ရသည့် စစ်ပွဲတွင် ရုရှားအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်အခြေ အနေကို အသိအမှတ်ပြုရာရောက်ခဲ့သည်။

ယူကရိန်းစစ်တပ်သည် နိုင်ငံ အရှေ့ပိုင်း နှင့် တောင်ပိုင်းတွင် ကျယ်ပြန့်သည့် နယ်နိမိတ်များကို ပြန်လည်သိမ်းယူရန် အောင်မြင် သည့် တန်ပြန်ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ချိန် တွင် ရုရှားတပ်များသည် အရေးနိမ့်မှုများနှင့် ဆက်တိုက်ကြုံတွေ့ခဲ့ရသည်။

အထူးစစ်ဆင်ရေးဟု ရုရှားအစိုးရက သုံးနှုံးခဲ့သည့် ယင်းစစ်ပွဲသည် မည်မျှကြာမြင့် လိမ့်မည်ဆိုခြင်းကို ကရင်မလင်က ခန့်မှန်း ပြောကြားခဲ့ခြင်းမရှိဘဲ ၎င်းတို့၏ ရည်မှန်းချက်များ မပြီးမြောက်မချင်း ဆက်လက်တိုက် ခိုက်သွားမည်ဟု ပြောကြားခဲ့သည်။

၂၀၁၄ ခုနှစ်ကတည်းက ယူကရိန်း တပ်ဖွဲ့များနှင့် တိုက်ခိုက်နေသည့် ရုရှားကကျော ထောက်နောက်ခံပေးထားသည့် ခွဲထွက်ရေး ၀ါဒီများတည်ရှိသည့် ဒွန်းဘက်စ်ဒေသမှ လူ ဟန့်နှင့် ဒိုးနက်ပြည်နယ်များကို ရုရှားတပ်ဖွဲ့ များက အာရုံစိုက်ခဲ့သည်။

ရုရှားသည် စစ်ပွဲတစ်နှစ်ပြည့်မည့်အချိန်ကို ရောက်ရှိလာချိန်တွင် စစ်ပွဲ၏လားရာကို ပြောင်းလဲရန် ကြိုးပမ်းသည့်အနေဖြင့် ကြီးမားသည့် ထိုးစစ်ဆင်မှုအသစ်ကို ပြုလုပ်ဖွယ် ရှိနေသည်ဟု ယူကရိန်းနှင့် အနောက်နိုင်ငံများမှ အရာရှိများက ပြောကြားခဲ့သည်။

သို့သော် ယူကရိန်းစစ်တပ်၏ ထောက် လှမ်းရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အန်ဒရီ ချာညက်က ရုရှားစစ်တပ်တွင် ကြီးမားသည့် စစ်ဆင်ရေးများပြုလုပ်ရန်အတွက် အရင်းအမြစ်များ လုံလောက်ခြင်းမရှိကြောင်း Kyiv Post သတင်းစာကို ပြောကြားခဲ့သည်။

“ရုရှားစစ်သားတွေရဲ့ အဓိကရည်ရွယ် ချက်ကတော့ ယူကရိန်းအရှေ့ပိုင်းမှာ နည်း ဗျူဟာမြောက်အောင်မြင်မှု ရရှိဖို့ပဲဖြစ်ပါ တယ်”ဟု ၎င်းက ပြောကြားခဲ့သည်။