Tesla ရဲ့ Supercharger တွေထက် စွမ်းရည်ပိုမြင့်တဲ့ Huawei 600kW လျှပ်စစ်ကား Charger

Huawei ဟာ လျှပ်စစ်ကား နယ်ပယ်ထဲ ဝင်ရောက်လာပြီး ကားထုတ်လုပ်သူတွေနဲ့ ပူးပေါင်းကာ စွမ်းရည်မြင့် လျှပ်စစ်ကားတွေကို တရုတ်မှာ ထုတ်လုပ်နေပါတယ်။ အခုတော့ Huawei ရဲ့ 600kW Charger Station ရဲ့ ဓါတ်ပုံ ပေါက်ကြားလာပြီး အားသွင်းစွမ်းရည်က Tesla အပါအဝင် ပြိုင်ဖက်တွေထက် များစွာ သာလွန်နေပါတယ်။

အဲဒီ Charger ကို FusionCharge လို့ အမည်ပေးထားပြီး Huawei က ၂၀၂၅ ခုနှစ်မှာ ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားတယ်လို့ သတင်းထွက်နေပါတယ်။ ကုမ္ပဏီက User အနည်းငယ်နဲ့ စမ်းသပ်ပြီးပါပြီ။

FusionCharge မှာ DC Supercharger, DC Fast Charger နဲ့ DC Split Charger တို့ ပါဝင်ပါတယ်။ DC Supercharger ရဲ့ Maximum Power က 600kW , Voltage က 1000V , Maximum Current က 600A နဲ့ Maximum Power က 600kW ဖြစ်ပါတယ်။

နှိုင်းယှဉ်ရရင် Tesla ရဲ့ လက်ရှိ V3 Charger ရဲ့ Maximum Power က 250kW ပဲရှိပြီး နောက်ထွက်မယ့် V4 Supercharger က 350kW ပဲရှိပါတယ်။ အဲဒီအတွက် Huawei ရဲ့ 600kW Charger က Tesla ရဲ့ Charger တွေထက် စွမ်းရည်ပိုမြင့်နေပါတယ်။ ဒါပေမယ့် Huawei Charger ရဲ့ Specs အသေးစိတ်ကို သိရဖို့ ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref : gizmochina