ပန်းနာရောဂါ၊ လည်ချောင်းနာ၊ ချောင်းဆိုးခြင်းနဲ့ အဆုတ်ရောဂါတွေအတွက် အကောင်းဆုံးသဘာဝဆေးနည်း

2

အဖြစ်များဆုံးရောဂါတွေထဲမှာ အဆုတ်ရောဂါမျိုးစုံ၊ ပန်းနာရောဂါ၊ ချောင်းဆိုးရောဂါမျိုးမျိုး၊ လည်ချောင်းနာစတဲ့ ရောဂါတွေ ပါဝင်ကြောင်း သိရပြီး လူအများစုမှာ လည်း အဲဒီရောဂါတွေရှိနေကြောင်းတွေ့ရပါတယ်။ ဆေးလိပ် သောက်ခြင်း၊ ရောဂါကူးစက်ပျံ့နှံ့ခြင်းတွေနဲ့ ဓာတ်မတည့်ခြင်းတွေကြောင့် အဆုတ်ရောဂါ ဖြစ်ပွားစေ နိုင်ပါတယ်။ အဆုတ်နဲ့ ပတ်သက်တဲ့ ရောဂါမျိုးစုံ ၊အထူးသဖြင့် ပန်းနာရောဂါ၊ လည်ချောင်းနာနဲ့ နှလုံးရောဂါများ ကုသပေးမယ့် လူသိများတဲ့ သဘာဝဖြေဆေး ဖော်စပ်နည်းတွေကို တင်ဆက်ပေးသွားပါမယ်။

ဟိုးအရင်က ကျွန်ုပ်တို့ဘိုးဘေးတွေ ဒီရောဂါမျိုးစုံ ကုသပျောက်ကင်းစေဖို့ ဒီသဘာဝဖြေဆေးကို ဖော်စပ်မှီဝဲခဲ့ကြပြီး ပျောက်ကင်းအောင်ကုသနိုင်တဲ့ အာနိသင်အမှန် တကယ်ပါရှိကြောင်း စမ်းသပ်အသုံးပြုခဲ့သူတွေက အတည်ပြုပြောဆို ခဲ့ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့ • ကြံသကာရည်စစ်စစ် ၂ ခွက် သို့မဟုတ် သကြား ၁.၁ပေါင်/၀.၅ ကီလိုဂရမ်၊ • ကြက်သွန်နီ ၁ပေါင်/၀.၅ကီလိုဂရမ်၊ • ရေ ၆ ခွက်/ ၁.၅ လီတာ၊ • သံပုရာ ၂ လုံး နဲ့ • ပျားရည် ထမင်းစားဇွန်း (၇) ဇွန်းတို့ပဲဖြစ်ပါတယ်။ ချက်ပြုတ်ပြင်ဆင်နည်းကို ပြောပြပေးသွားပါမယ်။

ကြံသကာရည်ကို ထည့်ပြီး အတန်သင့် နွေးရုံသာဖြစ်အောင်လုပ်ပါ (သကြားအသုံးပြုပါက ဒယ်အိုးနဲ့သကြားကို နွေးအောင် အပူပေးထားပါ။ ရွှေရောင်လို အရောင်မျိုးရလာသည်အထိ အဆက်မပြတ်မွှေပေးပါ)။ ပြီးရင် ပါးပါးလေး လှီးထားကြက်သွန်နီကိုထည့်၊ မိနစ်အနည်းငယ်ကြာချက်ပြုတ်ပြီး ရေထည့်ပါ။ ရေသုံးပုံတစ်ပုံ လောက်လျော့ကျ သွားသည့်အထိ မီးဖိုပေါ် ဆူရုံသာတည်ထားပါ။ နောက်အေးလာအောင် ခဏထားထားပါ။ အဲဒီအချိန်တွင် သံပုရာရည် ကြိုညစ်ထားပြီး ဘေးတွင်ခဏထားထားပါ။ ပျားရည်ထည့်ပြီး သံပုရာရည်ပါရောထည့်ပြီးရင် သေသေ ချာချာမွှေပေးပါ။

အဲဒီတိုင်း တစ်ညထားပြီး နောက်နေ့မနက်မှာ အရည်ကို ခပ်ထုတ်ကာ ပုလင်းတစ်လုံးထဲ သိမ်းထားရပါမယ်။ သောက်ပုံသောက်နည်းကတော့ ထမင်းစားခါနီးတိုင်း ထမင်းစားဇွန်း (၁) ဇွန်းသောက်ပါ။ ထမင်းစားပြီးရင် နောက် တစ်ဇွန်းထက်သောက်နိုင်ပါတယ်။ အဲဒီအလေ့အကျင့်ကို အဆုတ်ရောဂါ သက်သာလာတဲ့အထိ ဆက်လက် ဆောင်ရွက်နိုင်တယ်။ ကလေးတွေအနေနဲ့ကျတော့ လက်ဖက်ရည်ဇွန်းအသုံးပြုပြီး သောက်နိုင်တယ်။  ဖိုးသူတော်


Leave a Reply