နယ်မြေကွင်းဆင်း၍ စကားဝိုင်းပြုလုပ်

သပိတ်ကျင်း မတ် ၇

၇-၃-၂၀၂၃ ရက်နေ့ ၀၉:၃၀မှ၁၀:၃၀ အချိန်ထိသပိတ်ကျင်းမြို့နယ်၊၇ မိုင်ကျေးရွာအုပ်စု၊၅ မိုင်ကျေးရွာတွင် ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် ပါတီဝင်များတွေ့ဆုံခဲ့ရာ သပိတ်ကျင်းခရိုင် ဘဏ္ဍာရေးမှုး ဦးကျော်ဇောအောင်၊ ခရိုင်ကော်မတီဝင်ဦးမြင့်အောင်၊ သပိတ်ကျင်းမြို့နယ်ပါတီကော်မတီဝင်များ၊ ပါတီဝင်များ၊ ပါတီဝန်းရံသူများ တက်ရောက်ခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသောနိူင်ငံရေးအခြေအနေများ၊ လာမည့်ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် PR စနစ်အကြောင်းနှင့် ပြည်ခိုင်ဖြိုးပါတီမှ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရသည်။