ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

မိုးညှင်း ဇန်နဝါရီ ၂၄

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ပြည် ခိုင်ဖြိုးရုံးခန်းမ၌နိုင်ငံရေးစီမံခန့်ခွဲမှု(ဆင့်ပွား) သင်တန်း(၁/ ၂ဝ၁၉)ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီတွင် မိုးညှင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမ၌ကျင်းပရာ သဘာ ပတိ ပြည်နယ်ပါတီကော်မတီဝင်ဦးစိုးဝင်း က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလမိုင် ကသင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို သင်တန်းသားများအား ရှင်းလင်းပြောကြား ကာ ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိန်ဝင်းထွန်းက ဆက်လက်သင်တန်းပို့ချခဲ့သည်။
သင်တန်းသို့ မိုးညှင်းနှင့် နန်းမားဒေသ ရှိ ရပ်/ကျေးအုပ်စု ၂၃ ခုမှ သင်တန်းသား သင်တန်းသူ ၄၅ ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

ပေါ်ထင်(မိုးညှင်း)