100 MP Portrait Camera ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်း OPPO Reno8 T

OPPO Reno8 T ဟာ အရင် Reno Series ဖုန်းတွေမှာ ပါဝင်တဲ့ Main Camera Megapixel အားလုံးကို ကျော်လွန်ကာ 100 MP Portrait Camera ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာမှာ ဖြစ်ပြီး ပုံရိပ်တွေကို ချဲ့ ရိုက်ကူးတဲ့အခါတွေမှာ အရည်အသွေး ကြည်လင်ပြတ်သားမှုရှိအောင် ဖန်တီးထုတ်လုပ်ထားပါတယ်။ OPPO Reno8 T ဟာ Ultra Slim Design နဲ့ ထွက်ရှိလာမှာဖြစ်ပြီး Classic Reno Design နဲ့  ပေါ့ပေါ့ပါးပါး ကိုင်ဆောင်ရ လွယ်ကူစေမဲ့ ဖုန်းတစ်လုံးဖြစ်လာမှာပါ။ OPPO Reno8 T ဟာ လူငယ်တွေ ကြိုက်နှစ်သက်မဲ့ Premium Fiberglass-leather Design နဲ့ ပြုလုပ်ဖန်တီးထားတဲ့ Sunset Orange အရောင်နဲ့ OPPO Glow Design နဲ့ ပြုလုပ်ဖန်တီး ထားတဲ့ Midnight Black ဆိုပြီး အရောင်နှစ်ရောင်နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။OPPO Reno series အသစ်ဖြစ်တဲ့ OPPO Reno8 T ဟာ မြန်မာနိုင်ငံ စျေးကွက်အတွင်း မကြာမီ ရောက်ရှိ လာတော့မှာ ဖြစ်ပြီး လတ်တလော အချက် အလက်တွေကို ဒီလင့်ကနေ တစ်ဆင့် ဝင်ရောက်ကြည့်ရှုနိုင်သလို https://www.oppo.com/mm/events/reno8-t-launch/ စျေးနှုန်းနှင့် အခြားအသေးစိတ်အချက်အလက် အပြည့်အစုံ ကိုလည်း မကြာမီ OPPO ကနေ ဆက်လက် သတင်းထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ #OPPOReno8T