ဒေါ်လာ ၃၀၀ထက်တန်ဖိုးပိုတဲ့ စမတ်ဖုန်းတွေကို ရုရှားဆီ သယ်ဆောင်တင်ပို့ခွင့် အမေရိကန် ပိတ်ပင်

နည်းပညာဆိုင်ရာပစ္စည်းတွေ တစ်ကိုယ်ရေ သယ်ဆောင်တင်ပို့ခွင့် ကန့်သတ်ပိတ်ပင်တဲ့ အနေနဲ့ အမေရိကန်က ဒေါ်လာ ၃၀၀ထက် တန်ဖိုးပိုရှိတဲ့ စမတ်ဖုန်းနဲ့ ပရင့်တာတွေကို ရုရှား နဲ့ ဘီလာရုစ် နိုင်ငံဆီ တင်သွင်းခွင့်မပြုပါဘူး။ လေအေးပေးစက်နဲ့ ရေခဲ သေတ္တာ တွေကိုတော့ ဒေါ်လာ ၇၅၀ ထက်တန်ဖိုးပိုရင် ကန့်သတ်ပါတယ်။ ဒစ်ဂျစ်တယ်ပေါင်ချိန်စက် , အလေးချိန်စက် , ဖုန်စုပ်စက် စတာတွေကို ဒေါ်လာ ၁၀၀ထက် ပိုတာ တင်သွင်းခွင့်ပိတ်ပါတယ်။ မိုက်ခရိုဝေ့မီးဖို , ကော်ဖီ ဖျော်စက် , TV , အသံဖမ်းနဲ့ ထုတ်လွှတ်တာနဲ့ ပတ်သက်တဲ့ စက်တွေကိုတော့ တင်သွင်းခွင့် ပိတ်ပင်ပါတယ်။ မှောင်ခိုဈေးကွက် ပိုကြီးထွားလာနိုင်ပြီး ထိုက်သင့်တာထက် ပိုတဲ့ ပိုက်ဆံပမာဏပေးပြီး အဲဒီ ပစ္စည်းတွေကို ဝယ်ယူ ရနိုင်ပါတယ်။