Psy ရဲ့ “Gangnam Style” သီချင်းကို ကြည့်ရူသူ ၄ ဒသမ ၇ ဘီလီယံ ကျော်လွန်သွား

Psy ရဲ့ နာမည်ကျော် Gangnam Style က ကမ္ဘာတစ်ဝန်းမှာ ကြည့်ရူသူများပြားနေဆဲ ဖြစ်ကာ ပရိသတ်တွေက အကြိုက်တွေ့နေကြဆဲဖြစ်ပါတယ်။

အဲဒီ သီချင်း ဂီတဗီဒီယိုကို ယူကျူဘ်ပေါ်မှာ ကြည့်ရူသူ ၄ ဒသမ ၇ ဘီလီယံ ကျော်လွန်သွားပြီး ဖြစ်ကြောင်း သူ့ရဲ့ ကုမ္ပဏီ P NATION က ဖေဖော်ဝါရီ ၁၉ ရက်က ကြေညာခဲ့ပါတယ်။

အဲဒီ သီချင်း က ၂၀၁၂ ကဖြန့်ချိခဲ့တဲ့ Psy ရဲ့ ဆဌမမြောက်သီချင်းခွေဖြစ်တဲ့ ‘Psy 6 (Six Rules) Part 1’ ရဲ့ ‌ခေါင်းစီးသီချင်းလည်းဖြစ်ပါတယ်။

ဒီသီချင်းနဲ့ပဲ Psy  က အမေရိကန် က လူကြိုက်အများဆုံး သီချင်းစာရင်းဖြစ်တဲ့ Billboard  ‘Hot 100’ မှာ နံပါတ် ၂ နေရာမှာ သီတင်း ၇ ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး အဲလိုနေရာရခဲ့တဲ့ ပထမဆုံး ကေပေါ့ အဆိုတော်လည်း ဖြစ်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှာ ပရိသတ်တွေ အမြောက်အမြား ရရှိခဲ့ပါတယ်။

သူ့ရဲ့ ဂီတဗီဒီယိုက လူကြည့်အများဆုံး ကေပေါ့ ဗီဒီယိုလည်းဖြစ်ကာ သမိုင်းမှာ ပဉ္စမမြောက် လူကြည့်အများဆုံး ဂီတဗီဒီယိုအဖြစ်လည်း ရပ်တည်နေပါတယ်။

-Ref: AKP