ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗိုလ်တထောင် ခရိုင် ပါတီဝင်ဟောင်းများ ၊ပါတီ မိတ်ဆွေများနှင့် တွေ့ဆုံပွဲပြုလုပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ၊ ဗိုလ်တထောင် ခရိုင်ကော်မတီဝင် များနှင့် ပါတီဝင်ဟောင်းများ၊ပါတီ မိတ်ဆွေများ တွေ့ဆုံပွဲအခမ်းအနားကိုယနေ့နေ့လည် ( ၁:၃၀ ) အချိန် က မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပါတီဝင် ဟောင်းများက မိမိကိုယ်ကိုမိတ်ဆက်ကြပြီး ပြည်ခိုင်ဖြိုးပါတီ ဗဟိုအရန်ကော်မတီဝင် ဗိုလ်တထောင် ခရိုင် ဥက္ကဌ ဦးညဏ်ဝင်းထိုက် က လက်ရှိဖြစ်ပေါ်နေသောနိုင်ငံရေးအခြေအနေ၊ရွေးကောက်ပွဲ တွင် ပါတီဝင ်ဟောင်းများက ပါဝင်ကူညီဆောင်ရွက်ပေးနိုင်မည့်အခြေအနေ၊ ရွေးကောက်ပွဲ (PR)စနစ်အကြောင်း သိကောင်းစရာများ နှင့်ပက်သက်၍ပိုမိုသိရှိနားလည်အောင် ရှင်းလင်းပြောကြားခဲ့ပါသည်။ ပါတီဝင်ဟောင်း များ ကလည်းသိလိုသည်များကို မေးမြန်းခဲ့ကြပြီး ခရိုင်ပါတီဥက္ကဌ နှင့်အဖွဲ့ကပြန်လည် ဖြေကြားခဲ့ပါသည်။

တွေ့ဆုံပွဲ အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟို ကော်မတီဝင် ဗိုလ်တထောင် ခရိုင်ပါတီ ဥက္ကဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ် လဲ့လဲ့အေး နှင့် ခရိုင် အလုပ်အမှုဆောင် များ ၊ ဗိုလ်တထောင်ခရိုင် အတွင်းရှိမင်္ဂလာတောင်ညွန့်မြို့နယ် ၊သာကေတမြို့နယ် ၊ဒေါပုံမြို့နယ်၊ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင် မြို့နယ်တို့မှ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်ကျေးပါတီခေါင်းဆောင်များ နှင့် အမာခံပါတီဝင် ဟောင်းများ ၊ပါတီမိတ်ဆွေများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ညနေ ( ၃:၀၀)တွင်ပြီးဆုံးခဲ့ကြောင်း သိရသည်။