ပြင်ဦးလွင်ပြည်ခိုင်ဖြိုးပါတီ ခရိုင်/မြို့နယ်ဥက္ကဌ ကျေးရွာပြည်သူများနှင့် ရင်းနှီးစွာ တွေ့ဆုံ

ပြင်ဦးလွင်မြို့နယ်၊ပြည်ခိုင်ဖြိုးတီ ခရိုင် ဥက္ကဌ ဦးဟိန်းမင်းဦးနှင့် အတွင်းရေးမှူး ဒေါ်စပယ်ဝင်း မြို့နယ်ဥက္ကဌ ဦးဝင်းဇော် နှင့် အတွင်းရေးမှူး ဦးသိန်းဆွေ နှင့် လူငယ်ရေးရာတာဝန်ခံ /နယ်မြေတာဝန်ခံ ဦးအောင်ပြည့်ဖြိုး တို့သည် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ ကျေးရွာများရှိ ပါတီဝင်များ ဝန်းရံပြည်သူ များရင်းနှီးစွာ တွေ့ဆုံခဲ့ပြီး လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများ နှင့် လာမည့်ရွေးကောက်ပွဲ (PR)စနစ်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်း​နောက်တက်ရောက်လာသူများ၏ တင် ပြချက်များအပေါ် အပြန်အလှန်ဆွေးနွေးခဲ့ပြီးပြည်သူများ၏ သိလိုသည်များမေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားခဲ့ပါသည်။