သတင်းများကို အချိန်နှင့် တစ်ပြေးညီလွှင့်တင်ရန် Viber Public Chat အစီအစဉ် သမ္မတရုံးစတင်

13537635_1041888309192238_7352385568394837767_n

နိုင်ငံတော်သမ္မတရုံး၏ သတင်းများကို အချိန်နှင့်တစ်ပြေး ညီလွှင့်တင်ပေးနိုင်ရန် လူမှုကွန် ရက် ဗိုက်ဘာတွင် Public Chat အစီအစဉ် စတင်လိုက်ကြောင်း ဇွန်လ ၃၀ ရက်က သတင်းထုတ်ပြန်သည်။ အစိုးရသစ်၏ မူဝါဒဆောင်ရွက်ချက် များကို ပြည်သူလူထု အားအသိပေးရန်၊ ပြည်သူလူထု၏ သဘောထားများကို အစိုးရသိရှိရန်၊ သတင်းပျံ့နှံ့မှုအား ကောင်းရန် စသည့်ရည်ရွယ်ချက် သုံးခုဖြင့် အဆိုပါ Public Chat ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောသည်။

 ‘‘ပြည်သူလူထုက ဖေ့စ် ဘွတ်ခ်နဲ့ ဗိုက်ဘာကို အသုံးများတယ်။ အရင်က ပြည်သူလူထုက အစိုးရရဲ့ သတင်းထုတ်ပြန် ချက်တွေ၊ သတင်းတွေကို ၀က်ဘ်ဆိုက်တွေမှာ တကူးတကသွား ဖတ်ရတယ်။ အဲဒါကို ပုံစံပြောင်းတဲ့အနေနဲ့ အစိုးရက လူထုရှိတဲ့ နေရာကို လာပြီး သတင်းအချက် အလက်မျှဝေတဲ့သဘောပါ’’ ဟု ၎င်းက ပြောသည်။

Myanmar President Office အမည်ဖြင့် Public Chat ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဗိုက်ဘာ သုံးစွဲသူများအနေဖြင့် ယင်းစာမျက်နှာကို Follow ပြုလုပ်ထားပါက အစိုးရသစ်၏ သတင်းအချက်အလက်များကို သိရှိနိုင်မည်ဖြစ်သည်။ ယခင်ရှိထားပြီးသောသမ္မတ ရုံး ၀က်ဘ်ဆိုက် (www.president-office.gov.mm)၊ Myan- mar President Office အမည် ဖြင့် ဖေ့စ်ဘွတ်ခ်စာမျက်နှာများမှ လည်း သတင်းထုတ်ပြန်များ၊ အ ချက်အလက်များကို ဆက်လက် ထုတ်ပြန် လွှင့်တင်မည်ဟု သိရ သည်။  လက်ရှိတွင် ပြည်တွင်း၌ ဖေ့စ်ဘွတ်ခ် အသုံးပြုသူ ၁၀သန်း ခန့်နှင့် ဗိုက်ဘာအသုံးပြုသူ ၂၆ သန်းကျော် ရှိနေသည်။


Leave a Reply