Telenor ၏ စိတ်ကြိုက်အစီအစဉ်၌ Facebook နှင့် Viber ကို စိတ်ကြိုက်အသုံးပြုနိုင်

13567139_1348455005170024_6474848931207077275_n

ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ Telenor သည် “စိတ်ကြိုက်” ဟု အမည်ပေးထားသည့် အစီအစဉ် တစ်ခုကို အသုံးပြု ခွင့်ပေးအပ်သွားမည်ဖြစ်ပြီး အဆိုပါအစီအစဉ်ဖြင့် Facebook နှင့် Viber တို့ကို အခမဲ့ အသုံးပြုခွင့်ပေးအပ် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

စိတ်ကြိုက်အစီအစဉ်အတွက် 365 သို့ SK ON ဟု SMS ပေးပို့ရမည်ဖြစ်ပြီး အဆိုပါဝန်ဆောင်မှု အတွက် အခကြေးငွေ ကောက်ခံမည်မဟုတ်ကြောင်း Telenor က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စိတ်ကြိုက်အစီအစဉ်ကို စတင်ရယူပါက ၇ ရက်အတွင်း Facebook နှင့် Viber ကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။

စိတ်ကြိုက်အစီအစဉ်၌ Facebook နှင့် Viber ကို အခမဲ့ ဆက်လက်အသုံးပြုလိုပါက ၃ ထောင်ကျပ် အထိ ငွေဖြည့် သွင်းလျှင် ၅ ရက် ၊ ၃ ထောင်ကျပ်အထက် ၁ သောင်းကျပ်အထိ ငွေဖြည့်သွင်းပါက ၁၀ ရက်နှင့် ၁ သောင်းကျပ်နှင့် အထက် ငွေဖြည့်သွင်းပါက ၁ လအကြာ ဆက်လက်အသုံးပြုနိုင်မည်ဟု သိရသည်။

စိတ်ကြိုက်အစီအစဉ်ကို ၀န်ဆောင်မှုတစ်ခုအနေဖြင့် Telenor က ပေးအပ်ခြင်းဖြစ်သည့်အတွက် ရက်အကန့်အသတ် မရှိဘဲ ငွေဖြည့်သွင်းသည့် ပမာဏအလိုက် Facebook နှင့် Viber ကို အခမဲ့ဆက်လက်အသုံးပြုနေနိုင်မည်ဟု Telenor မှ ပြန်ကြားရေးတာဝန်ခံကဆိုသည်။

Facebook နှင့် Viber ကို အဓိကထားအသုံးပြုသူများအနေဖြင့် စိတ်ကြိုက်ဝန်ဆောင်မှုသည် အထူးသင့်လျော်ပြီး အသံခေါ်ဆိုမှုတစ်ခုတည်းကိုသာ လုပ်ဆောင်ကြ သူများအတွက် ယခင်က မိတ် ဆက်ခဲ့သည့် စူပါပွား အစီအစဉ်သည် ပိုမိုသင့်တော်ကြောင်း ၎င်းက ပြောဆိုခဲ့သည်။


Leave a Reply