eYangon စနစ်အတွက် ဆက်သွယ်ဆောင်ရွက်နိုင်

eYangon စနစ်ကိုအကောင်အထည်ဖော်နေရာမှာပါဝင်လိုပါက သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်တယ်လို့သိရပါတယ်။ အဲဒီစနစ်ကို တိုင်းဒေသကြီးအတွင်းမှာ ရှိတဲ့ အစိုးရအဖွဲ့တွေ ဦးစီး ဌာနတွေစုစည်းပြီးအကောင်အထည် ဖော်နေတာဖြစ်ပါတယ်။

အဲဒီအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်လို့ eYangon ၀က်ဘ်ဆိုက်ကနေ တစ်ဆင့် ထုတ်ပြန် ထားတာတွေ့ရပါတယ်။ လက်ရှိမှာတော့ အွန်လိုင်းဝန်ဆောင်မှုအချို့ကို ဆောင်ရွက်ပေးနေတာတွေ့ရပြီး အချို့ဝန်ဆောင်မှုအတွက် လျှောက်လွှာကို အွန်လိုင်းကနေရယူနိုင်အောင် ဆောင်ရွက်ပေးထားတာလည်း တွေ့ရပါတယ်။ ဆက်သွယ်နိုင်တဲ့ ၀က်ဘ်ဆိုက်လိပ်စာကတော့ http://www.eyangon.gov.mm ဖြစ်ပါတယ်။

လက်ရှိမှာ eYangon ဝက်ဘ်ဆိုက်ကနေတစ်ဆင့် ဝန်ဆောင်မှု ၁၂ မျိုး ဆောင်ရွက်ပေးနေကြောင်း တွေ့ရပါတယ်။ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ခွင့်၊ သိုလှောင်ကန်အသစ် တည်ဆောက်ခွင့်နဲ့ သိုလှောင်ခွင့် လိုင်စင်လျှောက်ထားခြင်း၊ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းဝယ်ယူခွင့် လျှောက်ထားခြင်းအတွက် ကားပါကင်ထောက်ခံချက်လျှောက်လွှာ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းကုမ္ပဏီများမှ မော်တော်ယာဉ်တင်သွင်း ဝယ်ယူခွင့်လျှောက်ထားခြင်းအတွက် ကားပါကင် ထောက်ခံချက် လျှောက်လွှာအစရှိတဲ့လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စက်သုံးဆီတင်သွင်းခွင့် ကုမ္ပဏီအမည်ပြောင်းလဲခွင့် လျှောက်ထား ခြင်း၊ ဘာသာရေးဆိုင်ရာ ပွဲတော်ကျင်းပခွင့် လျှောက်ထားခြင်းတွေ ဆောင်ရွက်နိုင်တယ်လို့ သိရပါတယ်။

-ထွန်းထွန်း