အမရပူရမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးတွေ့ဆုံပွဲပြုလုပ်

(၁၇.၁၁.၂၀၂၂)ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် အမရပူရမြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး‌ရေး ပါတီရုံး၌ အမျိုးသမီးတွေ့ဆုံပွဲကျင်းပခဲ့ပါသည်။ တွေ့ဆုံပွဲတွင် အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်မှ အမျိုးသမီးကဏ္ဍမှဆက်လက်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် အမျိုးသမီးများဘဝဖွံ့ဖြိုးတက်ရေးခေါင်းစဉ်ဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါအမျိုးသမီးစကားဝိုင်းဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးပါတီကော်မတီဝင် ဦးသိန်းထွန်းဦး၊ ဒေါ်ဝါဝါလှိုင်၊ အမရပူရခရိုင်/မြို့နယ်ပါတီဥက္ကဌ ဒေါ်စောမြိုင်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးဇော်အောင်ထက်၊ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးအောင်ခိုင်စိုး၊ မြို့နယ်အမျိုးသမီးတာဝန်ခံ ဒေါ်မြမြသက် နှင့် အမျိုးသမီးပါတီဝင်များ တက်ရောက်ခဲ့ကြပါသည်။