တတိယအကြိမ်ဗဟိုပါတီညီလာခံအတွေ့အကြုံရှင်းလင်းခြင်းနှင့်PRစနစ်အကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်
ရန်ကုန် နိုဝင်ဘာ ၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ဒလမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ တတိယအကြိမ် ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားအား ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က မြို့နယ်ကော်မတီဝင်များ ရပ်ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ၍ ပြုလုပ်ခဲ့ကြသည်။
အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းမှ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ဒလမြို့နယ် ပါတီဥက္ကဌ ဦးဉာဏ်အောင်မှ တတိယအကြိမ် ဗဟိုညီလာခံ၏ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပါတီအောင်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များနှင့် ၂၀၂၃ ခုနှစ်၌ ကျင်းပပြုလုပ်တော့မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ကျင့်သုံးသွားမည့် PR စနစ်အကြောင်းအား ဆွေးနွေးပြောကြားခဲ့ကြပြီး အခမ်းအနားအား နေ့လည် ၁၂ နာရီ အချိန်၌ ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။