အေစီမီလန် နည်းပြ ပီအိုလီ ၂၀၂၅ အထိသက်တမ်းတိုး

နည်းပြ စတီဖာနို ပီအိုလီ ကို ၂၀၂၅ အထိ စာချုပ်သက်တမ်းတိုးလိုက်ကြောင်း စီးရီးအေ ချန်ပီယံ အေစီမီလန် က ပြောကြားပါတယ်။

ပီအိုလီ ရဲ့ အရင်စာချုပ် က ဒီနှစ်ကုန်မှာ သက်တမ်းကုန်မှာ ဖြစ်လို့ သက်တမ်းတိုးလိုက်တာဖြစ်ပြီး သူက ၂၀၁၉ ခုနှစ်တုန်းက အေစီ ကို ရောက်လာခဲ့ကာ ၁၁ နှစ် အတွင်း စီးရီးအေ ချန်ပီယံ ပြန်ဖြစ်အောင် မနှစ်က စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် ၅၇ နှစ် အရွယ် ပီအိုလီ  က ဥရောပချန်ပီယံ ခုနှစ်ကြိမ် ရထားတဲ့ အေစီမီလန် ကို ၂၀၁၃-၁၄ နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဒီနှစ်မှာ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို ပို့ဆောင်နိုင်ဖို့ နီးစပ်နေပါတယ်။

ဗုဒ္ဓဟူးနေ့ အိမ်ကွင်း ဆန်စီရို မှာ ဆယ်လ်ဘာ့ဂ် နဲ့ ကစားပြီး တစ်မှတ်ရရင်ပဲ အေစီ က နာပိုလီ ၊ အင်တာတို့လိုပဲ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။

စီးရီးအေမှာတော့ သူတို့က တနင်္ဂနွေနေ့က တိုရီနိုကို ၂-၁ ဂိုးနဲ့ ရှုံးခဲ့လို့ ထိပ်ဆုံးက နာပိုလီ နဲ့ ခြောက်မှတ် ကွာနေပါတယ်။  -Ref: AC Milan