တတိယအကြိမ်ဗဟိုပါတီညီလာခံအတွေ့အကြုံရှင်းလင်းခြင်းနှင့်PRစနစ်အကြောင်း ဆွေးနွေးပွဲကျင်းပပြုလုပ်

ကွမ်းခြံကုန်း နိုဝင်ဘာ ၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ တတိယအကြိမ်ပါတီညီလာခံ အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားအား ယနေ့နံနက် (၁၀း၀၀) နာရီအချိန်က ရပ်ကျေးစည်းရုံး​ရေးမှူးများနှင့် တွေ့ဆုံ၍ ပြုလုပ်ခဲ့ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်ပါတီဥက္ကဌ ဦးကျော်ဇင်ဟိန်းမှ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကွမ်းခြံကုန်းမြို့နယ် ပါတီဥက္ကဌ ဦးတင်လင်းမှ တတိယအကြိမ် ဗဟိုညီလာခံ၏ အတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့သည်။

 ထို့နောက် ပါတီအောင်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များနှင့် ၂၀၂၃ ခုနှစ်၌ ကျင်းပပြုလုပ်တော့မည့် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၌ ကျင့်သုံးသွားမည့် PR စနစ်အကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။

ထို့နောက် ပါတီဝင်များအား  ဆန် ၂ အိတ် ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။