မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်

မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန် မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ် စကားဝိုင်း …၃၁.၁၀.၂၀၂၂ မနက် ၁၀:၀၀ နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်ရုံး၌ စကားဝိုင်းကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှူး ၊ လူငယ်ရေးရာတာဝန်ခံ ဒေါ်သိဂ်ီအောင် မှ လက်ရှိ နိုင်ငံရေးရာ အခြေအနေကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသော လူငယ်များမှ သိရှိလိုသည်များကို အသီးသီး မေးမြန်းခဲ့ရာ တာဝန်ရှိသူအသီးသီးမှ ပြန်လည်ဖြေကြားခဲ့ပါသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရေးမှူး၊ လူငယ်ရေးရာတာဝန်ခံ ဒေါ်သိဂ်ီအောင်၊ တိုင်းကော်မတီဝင်များဖြစ်ကြသော ဦးမြတ်သူ၊ ဦးအောင်နိုင်ဦး၊ ဒေါ်ဝါဝါလှိုင်၊ မဟာအောင်မြေခရိုင် ဥက္ကဌ ဦးမြင့်သန်း၊ အတွင်းရေးမှူး ဦးဝင်းလှိုင်ငြိမ်း၊ ခရိုင်ကော်မတီဝင် ဦးစံရ၊ ​မြို့နယ်ဥက္ကဌ ဦးစိုးအေး၊ မြို့နယ်လူငယ်ရေးရာ တာဝန်ခံနှင့် မြို့နယ်ကော်မတီဝင်များ အပါအဝင် စုစုပေါင်းအင်အား ၃၅ ဦး တက်ရောက်ခဲ့ကြပြီး လူငယ် စကားဝိုင်းကို မနက် ၁၁:၃၀ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။