ဗဟိုအမျိုးသမီးညီလာခံကို ကြိုဆိုဂုဏ်ပြု မိတ္ထီလာခရိုင် ဓမ္မစကြာရွတ်ဖတ် ပူဇော်ပြိုင်ပွဲကျင်းပ

 

မိတ္ထီလာ အောက်တိုဘာ ၉

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီခရိုင် အစည်း အဝေးခန်းမ၌ ယမန်နေ့ နံနက် ၇ နာရီခွဲမှစတင်၍ ဗဟိုအမျိုးသမီး ညီလာခံကို ကြိုဆိုဂုဏ်ပြုသောအား ဖြင့် မိတ္ထီလာခရိုင် ဓမ္မစကြာရွတ် ဖတ်ပူဇော်ပြိုင်ပွဲကျင်းပခဲ့သည်။ ဓမ္မစကြာရွတ်ဖတ်ပူဇော်ပြိုင်ပွဲ၏ စည်းကမ်းချက်၊ အမှတ်ပေးပုံစည်း ကမ်းချက်များကို မိတ္ထီလာမြို့ နန်း တော်ကုန်းရပ်ကွက် သဒ္ဓမ္မဝံသာရုံ ပါဠိတက္ကသိုလ် ပရိယတ္တိစာသင် တိုက်ကြီး၏ ဦးစီးပဓာန တိုင်း သံဃာ့ဝန်ဆောင် ဘဒ္ဒန္တဥူးနန္ဒဝံသ ဆရာတော်ကရှင်းလင်းမြွက်ကြားကာ အခမ်းအနားကို နမောတဿသုံး ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့သည်။

အဆိုပါပြိုင်ပွဲဖွင့်ပွဲသို့ ပြည်ခိုင် ဖြိုးပါတီ ဗဟိုကော်မတီ ဒေါက် တာမောင်သင်း၊ မန္တလေးတိုင်း ဒေသကြီးတိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ ဦးစိုးသန်း (တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်)၊ခရိုင်ဥက္ကဋ္ဌ ဦးထွန်းထွန်း ဦးနှင့်ခရိုင်ကော်မတီဝင်များ၊ လေး မြို့နယ်မှ ဥက္ကဋ္ဌ၊ အတွင်းရေး မှူးနှင့်ကော်မတီဝင်များတက်ရောက် ကြသည်။ ဓမ္မစကြာရွတ်ဖတ် ပူဇော်ပွဲသို့မိတ္ထီလာ၊မလှိုင်၊သာစည်၊ ဝမ်းတွင်းမြို့ စသည့် မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ ဓမ္မစကြာဝတ် အသင်းများ ဝင်ရောက်ရွတ်ဖတ် ပူဇော်ပြိုင်ပွဲဝင်ကြသည်။ ဓမ္မစကြာ ရွတ်ဖတ်ပူဇော်ပြိုင်ပွဲသို့ လေးမြို့ နယ်မှဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီဝင်များစုစုပေါင်းအင်အား ၁ဝဝတက်ရောက်ကြောင်း သိရ သည်။

စိုးလှိုင်(ထီလာ)