ဗိုလ်တထောင် ခရိုင် ပြည်ခိုင်ဖြိုးပါတီ ရှေ့လုပ်ငန်းစဉ်များညှိနှိုင်းအစည်းအဝေးပြုလုပ်

တောင်ညွန့်။ ။အောက်တိုဘာ ၃၁

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယနေ့(၃၁.၁၀.၂၀၂၂) နေ့လည် (၁၁:၃၀)က မင်္ဂလာတောင်ညွန့်မြို့နယ် ပါတီရုံးခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီဝင် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဋ္ဌ ဦးညဏ်ဝင်းထိုက်၊ အတွင်းရေးမှုး ဒေါ်လဲ့လဲ့အေး၊ ခရိုင်ကော်မတီဝင်များ၊ ဗိုလ်တထောင်ခရိုင်အတွင်းရှိ (၅)မြို့နယ်မှ ပါတီဥက္ကဋ္ဌ ၊အတွင်းရေးမှုး၊ ဘဏ္ဍာရေးမှုးများ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ ခရိုင်ပါတီဥက္ကဌ ဦးညဏ်ဝင်းထိုက်က ပါတီဥက္ကဋ္ဌကြီး ဦးခင်ရီ ၏ လမ်းညွှန်မှာကြားချက်များ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များ၊ ပါတီစည်းရုံးရေးလုပ်ငန်းများ၊ ခရိုင်ပါတီကော်မတီအင်အားတိုးချဲ့ရေး၊ ခရိုင်ပါတီရုံးဆိုင်းဘုတ်တင်ပွဲအခမ်းအနားပြုလုပ်နိုင်ရေးနှင့် ခရိုင်စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပနိုင်ရေးကိစွများ ရှင်းလင်းပြောကြား၍ တက်ရောက်လာသော မြိုနယ်ပါတီတာဝန်ရှိသူများက ပြန်လှန်ဆွေးနွေးကြပြီး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေ့လည် (၁)နာရီတွင် ပြီးဆုံးခဲ့ကြောင်းသိရသည်။