ထိုင်းသို့ အမ်အိုယူဖြင့် မြန်မာလုပ်သား ၇၉၉ ဦး စေလွှတ်

ပြည်တွင်းအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီများသည် မြန်မာလုပ်သား ၇၉၉ ဦးကို အမ်အိုယူဖြင့် မြ၀တီ – မဲဆောက်ချစ်ကြည်ရေးအမှတ် (၂)တံတားမှတစ်ဆင့် ဩဂုတ် ၉ ရက်တွင် ထိုင်းနိုင်ငံသို့ ထပ်မံစေလွှတ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရှိ အလုပ် အကိုင် ရှာဖွေပေးရေးအေဂျင်စီ ၁၁ ခုမှ ထိုင်းနိုင်ငံရှိ စက်ရုံ၊ အလုပ်ရုံများနှင့် မွေးမြူရေး၊ ဆောက်လုပ်ရေးအစရှိသည့် လုပ်ငန်းများသို့ သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် တာဝန်ယူ ပို့ဆောင်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုသို့ လုပ်သားများ ပို့ဆောင်ပေးခဲ့သည့် အေစီဂျင်များအနက် ပွင့်ဖူးအောင်အေဂျင်စီမှ တာဝန်ယူစေလွှတ်ခဲ့သည့် လုပ်သား ၉၈ ဦးမှာ ထိုင်းနိုင်ငံရှိ Sweet Kanchnaburi Co., Ltd. ကုမ္ပဏီသို့ သွားရောက် အလုပ်လုပ်ကိုင်ရမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် New Covenant အေဂျင်စီမှ လုပ်သား ၇၂ ဦး၊ ရွှေစင်ကိုးပွင့်အေဂျင်စီမှ လုပ်သား ၁၀၀၊ Ruby Dawei အေဂျင်စီမှ လုပ်သား ၇၀၊ MoeMoe Family အေဂျင်စီမှလုပ်သား ၁၃၄ ဦး၊ တိမ်ပန်းချီ၊ အေဂျင်စီမှ လုပ်သား ၄၆ ဦး၊ Top One အေဂျင်စီမှ လုပ်သား ၄၀၊ jmk အေဂျင်စီမှ လုပ်သား ၅၉ ဦး၊ ဖူးပြည့်သော် အေဂျင်စီမှ လုပ်သား ၇၀၊ ငွေပြည်ကြီး အေဂျင်စီမှလုပ်သား ၅၀၊ နယူးသရီးဒိုင်းမွန်း အေဂျင်စီမှ လုပ်သား ၆၀အပါအဝင် အလုပ်သမားစုစုပေါင်း ၇၉၉ ဦးကို ထိုင်းနိုင်ငံရှိ အလုပ်ရုံ၊ စက်ရုံများသို့ သွားရောက်အလုပ်လုပ်ကိုင်နိုင်ရန်အတွက် စေလွှတ်ခဲ့ကြောင်း သိရသည်။ sdtimedaily