အမျိုးသမီးယူရိုဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အင်္ဂလန်နှင့် ဂျာမနီတို့ တွေ့ဆုံ

အင်္ဂလန်နိုင်ငံမှာကျင်းပနေတဲ့ အမျိုးသမီး ယူရိုဘောလုံးပြိုင်ပွဲမှာ အင်္ဂလန်နဲ့ ဂျာမနီတို့ ဗိုလ်လုပွဲ ယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ အင်္ဂလန်အမျိုးသမီးအသင်းဟာ ဆီမီးဖိုင်နယ်မှာ ကမ္ဘာ့အဆင့် ၂ ဆွီဒင်အသင်းကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ရောက်လာခဲ့တာပါ။ ဂျာမနီအမျိုးသမီးအသင်းကတော့ ပြင်သစ်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်ခဲ့တာပါ။ ဗိုလ်လုပွဲကို လာမယ့် ဇူလိုင် ၃၁ ရက်မှာ အင်္ဂလန်နိုင်ငံ ဝင်ဘလေကွင်းကြီးမှာ ကျင်းပသွားမှာ ြဖစ်ပါတယ်။ ကမ္ဘာ့အဆင့် ၈ အင်္ဂလန်အမျိုးသမီးအသင်းဟာ ယူရိုပြိုင်ပွဲမှာ တကြိမ်တခါမှ ချန်ပီယံမဖြစ်ဖူးသေးဘဲ ဒုတိယ ၂ ကြိမ်ပဲ ရရှိဖူးပါတယ်။ ကမ္ဘာ့အဆင့် ၃ ဂျာမနီကတော့ ယူရိုချန်ပီယံ ၈ ကြိမ်အထိ ရဖူးပြီး ဥရောပမှာ အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေပါတယ်။ ဂျာမနီဟာ ပြီးခဲ့တဲ့ ၂၀၁၇ ပြိုင်ပွဲ မတိုင်ခင်မှာ ၅ ကြိမ်ဆက်တိုက် ချန်ပီယံဖြစ်ခဲ့ပြီး ဗိုလ်လုပွဲတက်ခဲ့တဲ့ ၈ ကြိမ်မှာ ၈ ကြိမ်စလုံး ချန်ပီယံဖြစ်ခဲ့ပါတယ်။

ဒီနှစ်သင်းရဲ့ နောက်ဆုံးခြေစမ်းပွဲမှာတော့ အင်္ဂလန်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရထားပါတယ်။