ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့် (ဒုတိအကျော့) ပွဲကြိုသုံးသပ်ချက်

ရီးယဲလ်မက်ဒရစ် – လီဗာပူးလ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

 

ချန်ပီယံလိဂ်သမိုင်းကို ပြန်ကြည့်ရင် ပထမအကျော့ အိမ်ကွင်းမှာ (၃) ဂိုး ရှုံးပြီးတဲ့နောက် ဒုတိယအကျော့ အဝေးကွင်းမှာ ပြန်လာနိုင်တဲ့အသင်းမရှိပါဘူး။ လီဗာပူးလ်အသင်းအနေနဲ့ ရီးယဲလ်မက်ဒရစ်က အိမ်ကွင်းမှာ တစ်ဂိုးမှ မသွင်းနိုင်ရင်တောင်  ကွာတားဖိုင်နယ်တက်ဖို့အတွက် (၄)ဂိုးသွင်းဖို့ လိုနေတာကို လုပ်နိုင်ဖို့ မရှိဘူး။ ဘာစီလိုနာကို အဝေးကွင်းမှာ ဂိုးပြတ်ရှုံးပြီးမှ အိမ်ကွင်းမှာ လူမစုံပဲ (၄)ဂိုးပြတ်သွင်းခဲ့ဖူးတာ၊ အစ္စတန်ဘူလ် ညတုန်းက အခု ရင်ဆိုင်ရမယ့် အန်ဆယ်လော့တီရဲ့အေစီမီလန် ကို မထင်မှတ်တာတွေ လုပ်ပြနိုင်ခဲ့တာ တွေရှိခဲ့ဖူးပေမဲ့ ဒီတစ်ကြိမ်တော့မဖြစ်နိုင်ဘူး။ ဘာနေဗျူးမှာကစားမယ့်ပွဲကလည်း ရီးယဲလ်မက်ဒရစ်အတွက်ပဲ ဖြစ်လိမ့်မယ်။

 

နာပိုလီ – ဖရန့်ဖတ် (ကြာသပတေးနံနက် ၂း၃၀ နာရီ)

 

ပထမအကျော့ ဖရန့်ဖတ်ကွင်းမှာ အနိုင်ကစားပြခဲ့ပြီး တဲ့နောက် နာပိုလီရဲ့အိမ်ကွင်းမှာလည်း ဖရန့်ဖတ်အတွက် အ ခွင့်အရေး မရှိပါဘူး။ ဒီရာသီမှာ စီးရီးအေမှာ နာပိုလီ ကစားနေ တဲ့ ခြေစွမ်း၊ ချန်ပီယံလိဂ်မှာ ကစားနေတဲ့ အရည်အသွေး။ အ ထူးသဖြင့် အိမ်ကွင်းမှာ လီဗာပူးလ်အပါအဝင် အသင်းတိုင်းကို ဂိုးပြတ်သွင်းခဲ့တဲ့ နာပိုလီကို ဖရန့်ဖတ် ထိန်းချုပ်နိုင်ဖို့ မရှိဘူး။ Rhythm အမိဆုံး အခြေအနေလည်းဖြစ်နေလို့ နာပိုလီပဲ ဂိုး ပြတ်နိုင်ဦးမယ်။

 

eleven