တစ်နှစ်အတွင်း ကွေးညွတ်စမတ်ဖုန်း ၁၀ သန်းနီးပါး ရောင်းချနိုင်ခဲ့သည့် ဆမ်ဆောင်း

ကွေးညွှတ်စမတ်ဖုန်းတွေဟာ လက်ရှိစမတ်ဖုန်းဈေးကွက်မှာ တဖြည်းဖြည်းကြီးထွားလာနေတယ်ဆိုတာ သူတို့ရဲ့ အရောင်းပမာဏက ထင်ဟပ်နေပြီး တောင်ကိုရီးယားအခြေစိုက် ဆမ်ဆောင်းကတော့ ၂၀၂၁ ခုနှစ် တစ်နှစ်တည်းမှာပင် ကွေးညွှတ်စမတ်ဖုန်း ၁၀ သန်းနီးပါး တင်ပို့ရောင်းချခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီပမာဏဟာ ၂၀၂၂ ခုနှစ်ကထက် ၃၀၀ ရာခိုင်နှုန်းရောင်းအားတက်လာတာဖြစ်ပြီး စမတ်ဖုန်းဈေးကွက်ရဲ့ကြီးမားတဲ့ ဈေးကွက်ဝေစုကို ကွေးညွှတ်စမတ်ဖုန်းတွေက နေရာယူထားတာဖြစ်ပြီး လာမယ့်နှစ်တွေမှာ ပိုမိုကျယ်ပြန့် လာမယ်လို့ ဆမ်ဆောင်းရဲ့ မိုလ်ဘိုင်းဌာနဥက္ကဋ္ဌဖြစ်သူ တီအမ်ရို့က ပြောပါတယ်။

ဆမ်ဆောင်းဟာ လွန်ခဲ့တဲ့သုံးနှစ်က သူ့ရဲ့ ပထမဆုံးသော Galaxy ကွေးညွှတ် စမတ်ဖုန်းအမျိုးအစားသစ်ကို စတင်ထုတ်လုပ်ရောင်းချခဲ့တာဖြစ်ပြီး ဩဂုတ် ၁၀ ရက်မှာလည်း ကွေးညွှတ်စမတ်ဖုန်းသစ်တွေဖြစ်တဲ့ Galaxy Z fold 4  နဲ့ Galaxy Z Flip 4 တို့ကို မိတ်ဆက်သွားဖို့ရှိနေပါတယ်။

လက်ရှိကွေးညွှတ်စမတ်ဖုန်းလောကမှာတော့ ဆမ်ဆောင်းအပြင် Huawei, Xiaomi,Moto Razer, LG အပါအဝင် စမတ်ဖုန်းကုမ္ပဏီတွေက ဈေးကွက်ကို ဦးဆောင်နိုင်ဖို့ ကြိုးစားနေပြီး Apple ကလည်း ကွေးညွှတ်စမတ်ဖုန်း ထုတ်လုပ်ဖို့ စီစဉ်နေပါတယ်။