ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသူများကို လူစီးမော်တော်ယာဉ်ဝယ်ယူခွင့် ချထားပေးမည်

ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရှိသူများကို လူစီးမော်တော်ယာဉ် ဝယ်ယူခွင့်ချထားပေးမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ရွှေတံဆိပ်ရရှိသူများအား အထူးကိစ္စရပ်အနေဖြင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရွှေတံဆိပ်ဆုရ အားကစားသမား များအား ပြည်တွင်းရှိ မော်တော်ယာဉ် Showroom နှင့် Sale Center များမှ စက်စွမ်းအား ၂၀၀၀ စီစီနှင့်အောက်၊ CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နှင့်အောက် လူစီးမော်တော် ယာဉ်တစ်စီးစီ ဝယ်ယူခွင့် ပြုမည်ဖြစ်ပြီး ၎င်းမော်တော်ယာဉ်နှင့်စပ်လျဉ်း၍ ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခ အား ကင်းလွတ်ခွင့်ပြုမည် ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိခဲ့သည့် မြန်မာအားကစားသမားမှာ ကိုးဦး ရှိကြောင်း သိရသည်။