Commercial Flight များ ဆင်းသက်မှု စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် KOREAN AIR လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ်ကို ပြန်လည်ပျံသန်းမည်

Commercial Flight များ ဆင်း သက်မှု ပြန်လည်စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည် ပြည်ဆိုင်ရာ လေဆိပ်တွင်  KOREAN AIR လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ် အား ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

KOREAN AIR လေကြောင်းလိုင်းက ရန်ကုန်-အင်ချွန်းခရီးစဉ်အား လာမည့် ဇူလိုင် ၆ ရက်မှစတင်ကာ အပတ်စဉ် ဗုဒ္ဓဟူးနေ့ များတွင် တစ်ပတ်တစ်ကြိမ် ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာလေကြောင်းလိုင်း တစ်ခု ဖြစ်သည့်  Air Asia (Behad) ၏ ကွာလာလမ်ပူ-ရန်ကုန်လေကြောင်း ခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဇွန် ၃ ရက်မှစတင်ကာ ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြန်လည်ပျံသန်းခဲ့ကြောင်း သိရသည်။ ဇွန် ၃ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၀ မိနစ်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှ ပျံသန်းဆိုက်ရောက်လာသော Air Asia (Behad) ၏ လေယာဉ်အမှတ် AK 505 အား ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဝမ်းမြောက်စွာ ကြိုဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Air Asia (Behad) သည် ရန်ကုန်မြို့နှင့် ကွာလာလမ်ပူမြို့အကြားအပတ်စဉ် တနင်္လာနှင့် သောကြာနေ့တိုင်း တစ်ပတ်လျှင် နှစ်ကြိမ် တိုက်ရိုက်ပျံသန်းမည်ဖြစ်ကြောင်း သိရသည်။

Commercial Flight များဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  Nok Air၊ THAI Smile နှင့် Air Asia လေကြောင်းလိုင်းများက ခရီးစဉ်များ ပြန်လည်ပျံသန်းမည်ဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ထုတ်ပြန်သည့် သတင်းအချက်အလက်များအရ သိရသည်။

၂၀၂၀ ခုနှစ် မတ် ၂၉ ရက်မှ စတင်ကာ ဆိုင်းငံ့ထားခဲ့သည့် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များကို ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှစတင်ကာ  Singapore Airlines ၏ စင်ကာပူ-ရန်ကုန်ခရီးစဉ်ဖြင့် ပြန်လည်စတင်ခဲ့ ခြင်းဖြစ်သည်။ လက်ရှိတွင် Commercial Flight များ ဆင်းသက်မှု ပြန်လည်စတင်နေပြီဖြစ်သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် Malaysia Airlines ၊ Singapore Airlines ၊ ပြည်တွင်း လေကြောင်းလိုင်းနှစ်ခုဖြစ်သည့်  MAI နှင့် MNA လေကြောင်းလိုင်းများက နိုင်ငံတကာ ခရီးစဉ်များကို ပျံသန်းနေခြင်း ဖြစ်သည်။ ဆက်လက်ပြီး လာမည့် ဇွန် ၁ ရက်တွင် THAI Smile လေကြောင်းလိုင်း၊ ဇွန် ၃ ရက် တွင်  Air Asia လေကြောင်းလိုင်းနှင့်  ဇူလိုင် ၁ ရက်တွင် Nok Air လေကြောင်းလိုင်းများက ပြန်လည်ပျံသန်းကြမည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံတကာ လေကြောင်းခရီးစဉ်များ ဆင်းသက်မှု ယာယီရပ်ဆိုင်းထားပြီး ကယ်ဆယ်ရေး လေယာဉ်ခရီးစဉ်များသာ ပျံသန်းနေသည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Commercial Flight များအား ပြန်လည် စတင်နေပြီဖြစ်ပြီး နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း၏ စင်ကာပူ၊ ဘန်ကောက်နှင့် ကွာလာလမ်ပူခရီးစဉ်များ ပုံမှန်ပျံသန်းနေပြီ ဖြစ်သည်။

လက်ရှိတွင်  ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်း တို့သိသာစွာ ကျဆင်းလာသဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံတကာခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက်မည့် နိုင်ငံခြားသားများ၊ မြန်မာနိုင်ငံသားများ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် လွယ်ကူချောမွေ့စေရေး အတွက် နိုင်ငံတကာလေကြောင်းခရီးစဉ်များ ယာယီကန့်သတ်သည့်အစီစဉ်အား ဧပြီ ၁၆ ရက်ထိ သတ်မှတ်ပြီး ကိုဗစ်ရောဂါပြည်ဝင်ခွင့် လိုအပ်ချက်များနှင့်အညီ ဧပြီ ၁၇ ရက် မှစတင်ကာ သတ်မှတ်စည်းကမ်းချက်များ အတိုင်းပုံမှန်ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ကြောင်း သိရသည်။  eleven