သွေးလိုအပ်နေသော အရေးပေါ်လူနာအတွက် ပြည်ခိုင်ဖြိုးပါတီမှ သွေးလှူဒါန်း

ဇူလိုင် ၉၊ မင်းလှ

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ စမ်းကြီးကျေးရွာမှ အရေးပေါ်လူနာ ဒေါ်သိန်းအေး (၄၄)နှစ်သည် သွေးလိုအပ်သဖြင့် မင်းလှမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်ပါတီကော်မတီဝင် ဒေါ်အေးအေးစန်းမှ သွားရောက်လှူဒါန်းခဲ့ပါသည်။

အဆိုပါ ဒေါ်အေးအေးစန်းမှ (၁၂)ကြိမ်မြောက် သွေးလှူဒါန်းခဲ့ခြင်းဖြစ်ပြီး လူနာနှင့် သွေးလှူရှင်အား မြို့နယ်ပါတီကော်မတီဝင်များမှ ဆေးရုံသို့ သွားရောက်၍ အားပေးစကားများ ပြောကြားခြင်းနှင့် လိုအပ်သော အထောက်အပံ့များ ပေးအပ်ခဲ့ကြပါသည်။

အလားတူ သွေးလိုအပ်လျက်ရှိသော လူနာများအနေဖြင့် မင်းလှမြို့နယ် ပြည်ခိုင်ဖြိုးပါတီသို့ အချိန်မရွေး အကူအညီများ တောင်းခံနိုင်ပါကြောင်း သတင်းရရှိပါသည်။