အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီမှ သွေးလှူဒါန်းပွဲ ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၇

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဌ ဦးခင်မောင်စိုး ၏  လမ်းညွှန်မှုဖြင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ မှ အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ကုတင်-၅၀၀) တွင် ဆေးဝါးကုသမှု ခံယူလျက်ရှိသော ဝေဒနာရှင်များ အတွက် သွေးလှုဒါန်းပွဲကို (၇.၇.၂၀၂၁)နေ့ နံနက်(၉:၀၀) တွင် ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အဆိုပါသွေးလှု ဒါန်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပါတီကော်မတီဝင်ဒေါ်သင်းသင်းမိုး၊ အနောက်ပိုင်းခရိုင်ပါတီ အတွင်းရေးမှူး ဒေါ်အိအိလှိုငျ၊ မြို့နယ်ပါတီဥက္ကဌများ၊ အမှတ်(၂)တပ်မတော်ဆေးရုံ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး အနာက်ပိုင်းခရိုင် ပါတီဝင်များနှင့် ပါတီဝနိးရံသူများ စုစုပေါင်း ( ၂၄ ) ဦးက သွေးလှုဒါန်းခဲ့ကြောင်း သိရသည်။

bobo(ygn)